မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့ အသံချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားထားတဲ့ နန်းမြတ်က ကလေးတစ်ယောက်အမေလို့ မထင်ရလောက်အောင် အရွယ်တင်လှပနေတာလည်း ဖြစ်ပါတယ်။ နန်းမြတ်က သားလေးကိုပြုစုစောင့်ရှောက်ရင်း အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့ကတော့ ရန်ကုန်မြို့ရှိနေရာတော်တော်များများမှာ ပြင်းထန်တဲ့ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ငလျင်လှုပ်တဲ့အချိန်မှာတော့ နန်းမြတ်ဖြိုးသင်းတစ်ယောက် Junction city မှာ ရုပ်ရှင်အတွက် talk show ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက ငလျင်လှုပ်နေစဉ်အချိန်အတွင်းမှာ သူ့စိတ်ကသားလေးဆီပဲရောက်နေပြီး သူသေသွားရင်သားလေးပဲကျန်ခဲ့တော့မယ်ဆိုတဲ့ အတွေးပဲဝင်နေမိကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB

နန်းမြတ်ဖြိုးသင်းက " မိခင်စိတ်များကြောက်စရာ ငလျှင်လှုပ်တဲ့အချိန်junction city မှာရုပ်ရှင်အတွက်talk showရိုက်နေတာအလုပ်ထဲရောက်နေတာတောင် လှုပ်တာနဲ့ ဘုရား ငါသေရင်တော့ငါ့သားလေးတယောက်ထဲကျန်ခဲ့တော့မှာပဲလို့စိတ်ကချက်ချင်းအဲ့တခုထဲကိုပဲဖြစ်သွားတယ်အစွဲတွေ အစွဲတွေ " ဆိုပြီး မိခင်တစ်ယောက်ရဲ့သားအပေါ်မှာစိုးရိမ်တဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Source: Nann Myat Phyo Thinn's FB

Photo Credit-Nann Myat Phyo Thinn's FB 

Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။