အေးမြတ်သူလေးရဲ့ အချစ်ရဆုံး အကိုကြီးမင်းသား

ဖိုးကာရဲ့ "နဖူးကခြေဖျားထိအောင် ချစ်တယ်" ဆိုတဲ့ သီချင်းထဲမှာ သရုပ်ဆောင်ရင်း သူမရဲ့ အကြည့်တွေ ပါးချိုင့်လေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့သူကတော့ အေးမြတ်သူ ပဲဖြစ်ပါတယ်။ တချိန်က နာမည်ကြီး မော်ဒယ်လ် Miss တစ်ယောက်ဖြသ်ခဲ့သလို ယခုချိန်မှာတော့ အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်လို့နေပါပြီ။

သူမရဲ့ ပွင့်လင်းဟန် ပရိသတ်အပေါ် လေးလေးစားစားဆက်ဆံမှုတွေကြောင့် ပရိသတ်တွေပိုပိုချစ်လာရပြီး ပြီးခဲ့တဲ့ အကယ်ဒမီမှာဆိုရင် တစ်ကြိုစာရင်းထိပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုအောင်မြင်နေတဲ့ မင်းသမီးအေးမြတ်သူကတော့ သူမ အနုပညာစလုပ်စ သရုပ်ဆောင်ပေါက်စ ဘဝတည်းက သူမအပေါ် အကိုလိုကူညီစောင့်ရှောက်ပေးတဲ့ အကိုကြီးမင်းသားနဲ့ ဓာတ်ပုံကို ယခုလိုလေးရေးသားပြီး သူမရဲ့ instagram မှာ တင်ထားခဲ့ပါတယ်။

ဓာတ်ပုံထဲကသူက အခြားသူမဟုတ်ပါဘူး ပရိသတ်ကြီးရေ... ကျွန်တော်တို့တွေ ချစ်ရအားပေးရတဲ့ မင်းသား သူထူးစံပါ။ ယခုချိန်မှာတော့ အေးမြတ်သူဟာ အနုပညာအလုပ်တွေကိုပဲ လုပ်ကိုင်နေပြီး အချစ်ရေးကတော့ ရှိနေပြီလို့ ဝန်ခံထားပေမယ့် ပရိသတ်ဆီကိုတော့ ချပြခြင်းမရှိသေးပါဘူး။

Source: Myat Lay Instagram

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။