မင်းသားချော ပိုင်တံခွန်ကတော့ လက်ရှိမှာ အရမ်းကိုအောင်မြင်ကျော်ကြားနေတဲ့ မင်းသားတစ်လက်လို့ ဆိုနိုင်ပါတယ်။ အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်က ထိုင်းနိုင်ငံကို မကြာခဏသွားရောက်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

Photo Credit:Paing Takhon Facebook
Photo Credit:Paing Takhon Facebook

ပိုင်တံခွန်ကတော့ ကြော်ငြာ၊ သီချင်းဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေလည်း ဆက်တိုက်ဆိုသလို တက်ရောက်နေရတဲ့ ပိုင်တံခွန်က တဖြည်းဖြည်းနဲ့ ကျော်ကြားအောင်မြင်လာတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကောင်မလေးတွေကြွေသွားရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ အပြုံးလေးတွေနဲ့ညို့ယူဖမ်းစားထားတဲ့ ဗီဒီယိုလေးကို သူရဲ့ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit:Paing Takhon Facebook
Photo Credit:Paing Takhon Facebook

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်တွေ အများအပြားရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့ ပိုင်တံခွန်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။ပိုင်တံခွန်လည်း အနုပညာလုပ်ငန်းတွေမှာ ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit:Paing Takhon Facebook
Photo Credit:Paing Takhon Facebook

Source:Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။