ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချော ခြူးလေးကတော့ MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့ပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ပွင့်လင်းတဲ့ စကားပြောဟန်လေးတွေနဲ့ ချစ်စရာအမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာဖြစ်ပြီး အနုပညာအလုပ်တွေကို ဆကိတုက်လုပ်ဆောင်နေသူလေးပါ..။


Photo Credit - Chue Chue’s Facebook
Photo By Myanmarload
Photo By Myanmarload

ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ ခြူးလေးကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ကျော်ကြားနဲ့ အမွှေစိန်ဝိညာဉ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး အခွီလေးတွေနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။

“ကျော်ကြားနဲ့အမွှေစိန် ဝိညာဉ်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရင်း ရှက်ခဲ့ရတဲ့ ပျော်စရာ အမှတ်တရလေးတွေ အကြောင်းကိုလည်း ခြူးလေးက ချစ်ပရိသတ်တွေကို ပြန်လည် ပြောပြထားပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဗိုက်နာပြီး အိမ်သာတက်ချင်လို့ တောတိုးတဲ့အချိန် လူမြင်မှာစိုးလို့ ကိုယ့်မျက်နှာကို တောင်းကြီးနဲ့ အုပ်ထားတဲ့ အခန်းလေးတွေကို အရမ်းသဘောကျတတယ်ဆိုပြီး ရှက်စရာ အခွီအခန်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။

ဇာတ်ကားရိုက်ရင်း ပျော်ခဲ့ရတဲ့ ကြည်နူးစရာ အမှတ်တရတွေအကြောင်းကို ပြောပြထားတဲ့ ခြူးလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျနေကြမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo Credit - Chue Chue’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။