ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ပရိသတ်တွေလက်ခံအားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာပါတယ်နော်။အနုပညာအလုပ်တွေလုပ်ဆောင်လာတာ နှစ်တွေအများကြီးမကြာသေးပေမယ့် သူမကိုချစ်တဲ့ပရိသတ်တွေအများအပြားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

လက်တလောမှာဆိုရင် မင်းသမီးချောလေးအိချောပိုက (၈၈) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် (၅၀၉) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ခိုင်သင်းကြည် ရဲအောင် ကျော်ကျော်ဗိုလ် စိုးပြည့်သဇင် ဟိန်းဝေယံ စတဲ့ အနုပညာမောင်နှမတွေနဲ့အတူတူသွားပြီး ဘုရင့်သမီးတော်နေရာကနေ ပါဝင်သရုပ်ပြပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

အိချောပိုက ဝင်းခင်းသဘင်ပွဲအပြီးမှာလည်း ညခင်းမှာ ပရိသတ်တွေကို သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါသေးတယ်နော်။မလွမ်းပို သီချင်းလေးကို သူမရဲ့အသံချိုချိုလေးနဲ့သီဆိုပြီး တီးလုံးနဲ့လိုက်ဖက်အောင် ကနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးလည်း တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

Photo Credit:Ei Chaw Po's Facebook

Video Credit:Ei Chaw Po's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။