မခိုင်လေးလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ သရုပ်ဆောင်ပိုင်းမှာရော ပေါင်းသင်းဆက်ဆံရေးမှာပါ တကယ့်ကိုကောင်းမွန်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ မခိုင်လေးက ဟန်ဆောင်မှုကင်းပြီး ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိအတိုင်း ပြောဆိုတတ်တာလေးကို ပရိသတ်တွေကချစ်နေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေချစ်ရတဲ့ မခိုင်လေးကတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB

ဒီရက်ပိုင်းမှာတော့ မခိုင်လေးတစ်ယောက် ခရီးတွေဆက်တိုက်ထွက်ပြီး ပွဲအခမ်းအနားတွေ တောက်လျှောက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်လေးက ခရီးပန်းတဲ့အပြင် ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးကုသမှုခံယူလိုက်ရကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ်။ မခိုင်လေးက ချောင်းအရမ်းဆိုးပြီး သွေးပေါင်တွေကျတဲ့အပြင် နားပါအူပြီး မကြားရတော့လို့ ဆေးသွားသွင်းလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB

မခိုင်လေးက " ချောင်းတွေမတရားဆိုး သွေးပေါင်တွေကျ လေယာဉ်ပေါ်ကဆင်းတော့ နားတွေအူပြီး မကြားရတော့ဘူး " ဆိုပြီး ဆေးသွင်းနေတဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ မခိုင်လေးကိုချစ်တဲ့ ပရိသတ်တွေကတော့ သူမရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မခိုင်လေးက ပြန်လည်သက်သာသွားပြီဖြစ်လို့ Skin Care လုပ်နေတဲ့ပုံလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB

Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။