နန်းဆုရတီစိုးကတော့ ဂီတလောကမှာရော သရုပ်ဆောင်လောကမှာပါ အောင်မြင်မှုများစွာကို သိမ်းပိုက်ရရှိထားတဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို အသံချိုချိုလေးနဲ့လည်း သီချင်းလေးတွေသီဆိုတတ်တဲ့ နန်းဆုက အနုပညာသက်တမ်း နှစ်အတော်ကြာရှိနေပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုက တေးသီချင်းလေးတွေ ဖန်တီးသီဆိုရင်း Music Video လေးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB

နန်းဆုရဲ့ထွက်ရှိသမျှ သီချင်းတော်တော်များများကလည်း အလွမ်းအဆွေးနဲ့ အချစ်သီချင်းကောင်းကောင်းလေးတွေဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ အမြဲရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေအနေနဲ့ နန်းဆုရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အတော်လေး စိတ်ဝင်တစားရှိနေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နန်းဆုက သူမရဲ့ရင်တွင်းခံစားချက်တစ်ချို့ကို စာလေးရေးပြီး တင်ထားပါတယ်။

Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB
Photo Credit-Nansu Yati Soe's FB

နန်းဆုက " ပြင်ပါ့မယ် နောက်မလုပ်တော့ပါဘူး သေလောက်အောင်ပြောလည်း မယုံတတ်တော့တာပါ Sorry တစ်ချို့ဗီဇက ဖျောက်မရဘူးသိတယ်။ Sorry ဆိုတိုင်း တောင်းပန်တာမဟုတ် သိဖို့ " ဆိုပြီး သူမရဲ့ My Story မှာ စာတင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နန်းဆုကို ချစ်သူနဲ့အမြန်ဆုံးအဆင်ပြေစေချင်ကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းဆုရဲ့ရင်တွင်းခံစားချက်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Nansu Yati Soe's FB

Photo Credit-Nansu Yati Soe's FB 

Photo Credit-RBV
Photo Credit-Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။