ချစ်စဖွယ်မျက်နှာလေးလိုက်နဲ့အောင် စိတ်ထားလေးလည်းကောင်းတဲ့ သရုပ်ဆောင်မေသက်ခိုင် ဟာ သူ့ရဲ့ကုသိုလ်အတွက် ဝမ်းသာပိတိ ဖြစ်နေပါတယ်။

ပရိသတ်အခိုင်အမာရရှိထားတဲ့သရုပ်ဆောင် မေသက်ခိုင်ဟာ မေလ(၁၂)ရက်နေ့နေ့က မရည်ရွယ်ပဲနဲ့ အရေးပေါ်သွေးလိုအပ်နေတဲ့ လူနာကို ဆေးရုံမှာ သွေးလှုပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သွေးလှုနေချိန်မှာ သူမရဲ့ မိခင်ဖြစ်သူပါအတူလိုက်ပါခဲ့ပြီး သွေးလှုဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

ဒါ့ပြင် မေသက်ခိုင်ဟာ သူမသွေးလှုတာနဲ့ပတ်သက်ပြီး အသေးစိတ်မသိပဲ ဝေဖန်တဲ့သူအချို့ကိုလည်း အခုလို ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

“ဟုတ်ကဲ့ ဒါကကျွန်မသွေးလှူဒါန်းပေးခဲ့တဲ့လူနာပါ

ကျွန်မကမွေးနေ့ကြောင့် ဘာကြောင့်ညာကြောင့်တွေအတွက်လှူတာမဟုတ်ပါ

ပရဟိတတွေလုပ်နေတဲ့ မကြီးသီ တာအေး ညဘက်ကြီးဖုန်းဆက်ပြီး

အရေးပေါ်သွေးလိုအပ်တဲ့လူနာမို့ သွားလှူပေးတာပါ

အဲ့ဒီလူသရက်ရွက်မကောင်းဘူးလို့သိရပါတယ်

ဆေးရုံတက်တာ ၆ ကြိမ်ရှိနေပြီး သွေး ၃၆ ပုလင်းသွင်းနေရတဲ့လူနာပါ

ဆေးကုသစရိတ်တွေအတွက် အိမ်ပါရောင်းထားပြီး ပုသိမ်ကနေ ရန်ကုန်ကိုဆေးရုံလာတက်နေရတာမို့ ပရဟိတအဖွဲ့တွေကဝိုင်းကူညီနေကြရတာပါ

တချို့တချို့သော မုဒိတာမပွားနိုင်သူများ စကားလေးတော့ဆင်ခြင်စေချင်တယ်”

မေသက်ခိုင်ကိုချစ်တဲ့ ပရိသတ်တွေရှိရင် သူမရဲ့ ကုသိုလ်အတွက် သာဓုခေါ်ပေးလိုက်ပါဦးနော်။

သတင်းအရင်းမြစ် Maythet khine fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။