ပရိသတ်တွေသာမကပဲ အနုပညာရှင်တိုင်းကပါ ဝိုင်းချစ်နေရသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasure ပါ။ သမီးလေးဟာ ပါးလေးဖောင်းဖောင်းလေးနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းနေတာပါ။ သမီးလေးကိုတော့ နှစ်ဖက်အဖိုးအဖွားများသာမက တစ်မျိုးလုံးကပါ ဝိုင်းချစ်နေကြတာပါ။  

Photo Credit - Dee Dee's Facebook
Photo Credit - Dee Dee's Facebook
Photo Credit - Dee Dee's Facebook

သမီးလေးဟာ မနေ့ကလေးလပြည့်ခဲ့ပြီပဲဖြစ်ပြီး သမီးလေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို ဒီးဒီရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှထားတာပါ။ ဖေဖေနဲ့မေမေတို့ကလည်း သမီးလေးနောင်ရေးအတွက်စီးပွားရေးတွေ အခုတည်းကကြိုးစားလုပ်ကိုင်နေကြတာပါ။ ချစ်စရာကောင်းတဲ့သမီးလေးရဲ့ ဗီဒီယိုလေးကိုတော့ အခုတစ်ခေါက်မှာလည်း ဖေဖေသီဟလွင်ရဲ့ instagram လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ 

Photo Credit - Dee Dee's Facebook
Photo Credit - Dee Dee's Facebook
Photo Credit - Dee Dee's Facebook

ဒါကတော့ လျှလေးထုတ်ကာပြောင်ပြနေတဲ့ သမီးလေးရဲ့ဗီဒီယိုလေးကို တင်ထားတာပါ။ သမီးလေးရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း ချစ်မဝတွေဖြစ်နေရတာပါ။ ပရိသတ်ကြီးအတွက် Treasure လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

Source - Thiha Lwin's Instagram

Photo Credit - Dee Dee's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။