အနုပညာလောကမှာ ဆယ်စုနှစ်တွေ များစွာတိုင်အောင် အောင်မြင်မှုတွေများစွရရှိထားသူကတော့ ဝါရင့်သရုပ်ဆောင် လွင်မိုးပါ။ သူဟာ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်တော့ပဲ စီးပွားရေးလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်နေတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့ရုပ်ရှင်ဇာတ်ကားဟောင်းတွေကို ယနေ့ထိတိုင်အားပေးနေကြဆဲပါ။  

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook

လွင်မိုးဟာ ကြည်နူးပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သူတို့ဇနီးမောင်နှံဟာ မြေးလေး လွင်ထက်လေးကိုလည်း မျက်စိအောက်ကအပျောက်မခံနိုင်အောင်ကို ချစ်ကြတာပါ။ သူတို့ဇနီးမောင်နှံဟာ ဘာသာရေးလည်း ကိုင်းရှိုင်းကြသူတွေပါ။ အခုမှာလည်း သူတို့ရဲ့အမှတ်တရပုံရိပ်လေးတွေကို လွင်မိုးရဲ့ဇနီးဖြစ်သူ အန်တီမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်တင်ထားတာပါ။  

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook

" မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား ဖူမြှော်ရန် အသွား " ဆိုပြီး ရေးထားတာပါ။ ဆရာတော်ကြီးကို ဖူးမျှော်အပြီး မိတ်ဆွေများနဲ့အတူ လက်ရည်တစ်ပြင်တည်းစားသောက်ခဲ့ကြတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - May Thu's Facebook

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။