ပရိသတ်ကြီးရေ စမိုင်းလ်တို့မိသားစုကတော့ မကြာခဏဆိုသလို ခရီးတွေထွက်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာပဲဖြစ်ပါတယ်။စမိုင်းလ်ကတော့ အရမ်းချစ်တတ်ပြီးကြင်နာယုယပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားတာကြောင့် အမြဲတမ်းစိတ်ပျော်ရွှင်နေရတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း စမိုင်းလ်ရဲ့ကံကောင်းလွန်းတဲ့အိမ်ထောင်ရေးလေးကို အားကျနေကြတာဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

စမိုင်းလ်က လက်တလောမှာဆိုရင်လည်း ချစ်ခင်ပွန်းနဲ့အတူတူ အိန္ဒိယကိုခရီးထွက်နေတာဖြစ်ပါတယ်။အိန္ဒိယရဲ့အထင်ကရနေရာတွေကို လည်ပတ်နေပြီး ဇနီးမောင်နှံနှစ်ယောက်တည်း သာယာကြည်နူးနေပါတယ်နော်။စမိုင်းလ်ကတော့ အိန္ဒိယကိုရောက်တုန်းလေးမှာ အိန္ဒိယရိုးရာဝတ်စုံဖြစ်တဲ့ ဆာရီလေးတွေကို တစ်ထည်ပြီးတစ်ထည်ဝတ်ရင်း အလှကြီးလှနေတော့တာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

အခုဆိုရင်လည်း ဆာရီလှလှလေးဝတ်ထားတဲ့စမိုင်းလ်က ခေါင်းအစခြေအဆုံး ဘောလိဝုဒ်မင်းသမီးတွေလိုအရမ်းလှနေတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့ ဘိုဆန်ဆန်လှတဲ့အလှအပတွေက ဆာရီဝတ်စုံလေးနဲ့လည်းအရမ်းလိုက်ဖက်ညီနေတာဖြစ်လို့ ရုတ်တရက်ကြည့်မိရင် ဘောလိဝုဒ်မင်းသမီးလေးလို့တောင် ထင်မှတ်သွားရမယ့် ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

Photo Credit:စမိုင်းလ် Smile's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။