Balmond ဟာဆိုရင်တော့ Mobile Legends ထဲက Tank အမျိုးအစား ဟီရိုတစ်ကောင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူကို Tank Fighter လို့ သတ်မှတ်လဲရပါတယ်။ ဒါကြောင့်ပဲ သူ့ကို ပရိသတ်ကြီးအနေနဲ့ Tank ဖြစ်ဖြစ် Fighter ဖြစ်ဖြစ် ကစားနိုင်ပါတယ်။ သူ့ကိုကိုင်ရတာလဲ ဘာမှ ခတ်ခတ်ခဲခဲမရှိပဲ လွယ်လွယ်ကူကူပဲမို့ ဆော့ရတာ အဆင်ပြေပါတယ်။ Balmond Player တွေလဲ သိကြမှာပါ။  

Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ သွားချင်ရာ ဦးတည်ချက်ကို ညွှန်းပြီး အရှေ့ကိုရောက်တွန်းသွားကာ Physical Damage ထိစေကာ ရန်သူရဲ့လှုပ်ရှားမှုနှုန်းကို ၆၀ရာခိုင်နှုန်းလျော့စေပါတယ်။ Level အလျောက် တစ်ဆင့်ချင်းဆီ Damage မြင့်သွားမှာဖြစ်ပါတယ်။ Skill 2 ကတော့ ၃စက္ကန့်ကြာအောင် ဆက်တိုက်ဝှေ့ရမ်းလိုက်ပြီး ရန်သူတွေကို Damage ထိပြီးရင်ထိစေမှာပါ။ Ultimate ကတော့ သူရဲ့ရှေ့ကို ယပ်တောင်ပုံစံ ပုဆိန်ကို ထုလိုက်ရာ ရန်သူရဲ့လျော့သွားတဲ့ သွေး ၂၀ရာခိုင်နှုန်းကို ထိခိုက်စေတဲ့အပြင် Physical Damage ထိပြီး ၂စက္ကန့်ကြာအောင် ရန်သူအမြန်နှုန်းကို ၆၀ရာခိုင်နှုန်းလျော့ချမှာပါ။  

Photo Credit : Screenshot From Mobile Legends Game

သူရဲ့ Passive ကတော့ Minion ကိုသတ်လိုက်တဲ့အခါမှာ သူရဲ့သွေး ၄ရာခိုင်နှုန်းကို ပြန်ရမှာဖြစ်ပြီး Hero ကိုသတ်ရင်တော့ ၁၀ရာခိုင်နှုန်းပြန်ရမှာပါ။ Battle ထဲဝင်ရင်တော့ Skill 1နဲ့ဝင် ပြီးတာနဲ့ skill 2 သုံးပြီး ရန်သူသွေးတစ်ဝက်လျော့တာနဲ့ Ultimate ကိုသုံးလိုက်ရုံပါပဲ။ Item နဲ့ Emblem ကတော့ အောက်မှာ ပုံပြထားပါတယ်။ သူအနေနဲ့လဲ ခုချိန်မှာ လူကိုင်ရှာပေမဲ့ ကိုင်လို့ရတုန်းပဲဖြစ်ပြီး တကယ်လဲ ကိုင်လို့ကောင်းတဲ့ Hero တစ်ယောက်ပါ။ 

Photo Credit : Screenshot From Mobile Legends Game

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။