ချိုသာတဲ့အသံလေးကိုပိုင်ဆိုင်ထားရုံသာမကပဲ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေချစ်နေရသူကတော့ သရုပ်ဆောင် သဇင်ထူးမြင့်ပါ။ သူမဟာ အနုပညာလောကကိုဝင်ရောက်တာမကြာသေးပင်မယ့်လည်း ကြိုးစားတဲ့စိတ်လေးကြောင့် အောင်မြင်မှုတွေရရှိနေတာပါ။ ဖခင်ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်လည်း သမီးအလိမ္မာလေးဖြစ်နေတာပါ။

Photo Credit- Thazin Htoo Myint’s Facebook
Photo Credit- Thazin Htoo Myint’s Facebook
Photo Credit- Thazin Htoo Myint’s Facebook

သဲသဲဟာ လတ်တလောမှာလည်း ကြော်ငြာတွေအဆက်မပြတ်ရိုက်ကူးနေရတာပါ။ မကြာသေးခင်ကလည်း " ဆုံဆည်းခွင့် " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးရိုက်ကူးနေတာပါ။ သူမရဲ့အောင်မြင်မှုတွေကိုကြည့်ပြီး ဖခင်ဖြစ်သူ ဦးခင်လှိုင်ကလည်း ပီတိဖြစ်နေရတာပါ။

Photo Credit- Thazin Htoo Myint’s Facebook
Photo Credit- Thazin Htoo Myint’s Facebook
Photo Credit- Thazin Htoo Myint’s Facebook

ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရတဲ့ သဇင်ထူးမြင့်ကတော့ အခုတစ်ခါမှာလည်း တောင်ကြီးမောက်မယ် သနပ်ခါးကြော်ငြာလေးကို ရိုက်ကူးနေတဲ့ ဗီဒီယိုလေးကို ​ဝေမျှထားတာပါ။ ဒီကြော်ငြာလေးကိုတော့ ချစ်ရတဲ့အမတွေဖြစ်တဲ့ မေတိုးခိုင်၊ နော်ဖောအယ်ထားတို့နဲ့အတူ ရိုက်ကူးနေတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Thazin Htoo Myint’s Facebook Myday

Photo Credit- Thazin Htoo Myint’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။