ပရိသတ်ကြီးရေ မင်းသမီးချောဆုပန်ထွာကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာကိုရရှိထားတာပါနော်။လွန်ခဲ့တဲ့၂လလောက်ကဆိုရင် ဆုပန်ထွာက အမေရိကကို ဖျော်ဖြေဖို့အတွက် သွားရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ မိသားစုဆီပြန်ရောက်နေပါပြီနော်။တစိဦးတည်းသောသားလေးနဲ့၂လနီးပါးခွဲနေရတာကြောင့် လေဆိပ်မှာ တွေ့တွေ့ချင်းသားအမိနှစ်‌ယောက် ဖတ်ငိုခဲ့ကြတဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

"ဘာမှန်းညာမှန်းမသိလိုက်ပဲ မထင်မှတ်ပဲ သားလေးနဲ့ ခွဲနေလိုက်ရတာ ၂ လနီးပါး။လုပ်သင့်လုပ်ထိုက်တာ၊ဖြစ်သင့်ဖြစ်ထိုက်တာတွေဦးစားပေးရင်း...... မိသားစုအတွက်ကိုယ်လိုချင်တဲ့ Target မရောက်မချင်း ကြိတ်မှိတ်နေခဲ့ရသော America!သားနဲ့တွေ့တဲ့အချိန် မအေကိုအံ့သြပြီးကြည့်နေတဲ့သားလေး။ မေမေ ဆိုပြီးကိုယ့်ဆီပြေးလာပြီးဖက်ထားလိုက်တာများ၊ သနားပါတယ်။ သူ့ခင်ဗျာနှာရေတေကျ၊သိပ်နေမကောင်းရှာဘူး။နုတ်ခမ်းလေးတွေလည်းခြောက်လို့။ ပိန်သွားလိုက်တာများ တွေ့တဲ့အချိန်ရင်ထဲမှာဆို့နေတာပဲ။ သူ့ကိုဖက်ထားမိတာမလွှတ်ရက်ဘူး။"သူ့အဖေက လေယျာဉ်ပျံကြီးတွေသွားကြည့်ကြမယ်သားရေ" လို့ပြောပြီးခေါ်လာတာတဲ့။ "

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

သူလည်းအမေကို အမှတ်မထင်တွေ့၊ကိုယ်လည်းသူ့ကိုအားရပါးရဖက်ရင်း...မထင်မှတ်ပဲ America မှာကြာသွားတဲ့အချိန် ကိုယ့်ကလေးကိုမြင်ပြီး မဖက်ရတဲ့ဘဝ တော်တော်ဆိုးခဲ့တာကိုး။ကလေးနဲ့မထင်မှတ်ပဲ အကြာကြီးခွဲရတာမို့ လောကကြီးရဲ့လှည့်ကွက်တွေ၊ကိုယ်မထင်မှတ်ထားတာတွေကလူ့ဘဝမှာ အသက်ကြီးလာတာနဲ့အမျှရင်နှင့်ရင်းပြီးရတဲ့ ဘဝအတွေ့အကြုံတွေပါပဲ။ပြန်ရောက်တဲ့နေ့ကတည်းကသူ့အဖေပုံလေးတွေရိုက်ထားပေးပေမယ့် သားအမိနှစ်ယောက်တပူးတတွဲတွဲ ဖက်မဝ ချစ်နလန်ထနေကြတာမအား...ပြနရောက်ကတည်းကလည်း မာမား မခေါ်တော့ဘူး"မေမေ" တဲ့။မေမေဘယ်မှမသွားနဲ။ မေမေ ဖုန်းမကိုင်နဲ့၊ဘယ်သူနဲ့မှစကားလည်းမပြောနဲ့! Roar Roar ကိုပဲကြည့်နေနော်တဲ့။ သနားစရာကောင်းတဲ့ ကလေးလေး။ ပထမဆုံးတွေ့တဲ့အချိန်သားအမိနှစ်ယောက်ဖက်ငိုနေကြတဲ့ Video လေးတော့မတင်ဖြစ်တော့ပါဘူးလို့။ သားလေးရော ကိုယ်ရောပျော်နေတဲ့ Video လေးတော့တင်ဖြစ်ပါတယ်။ကဲ......ဒီညနေသူအိပ်နေတုန်းလေး မြန်မြန်ရေးချရသော စာလေးတွေပါ..."ဆိုပြီး ရေးသားမျှဝေလာပါတယ်နော်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

Photo Credit:Supan Htwar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။