အဆိုတော် စန္ဒီမြင့်လွင်ဟာ ချစ်စရာကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ချစ်ခင်ပွန်းနဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ရရှိထားသူပါ။ သူမရဲ့ခင်ပွန်းဟာလည်း ဒီးဒီကိုလိုလေသေးမရှိအောင် ပြုစုဂရုစိုက်မှုတွေကြောင့်လည်း ကြည်နူးနေရတာပါ။ ဒီးဒီဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုမလုပ်သေးဘဲ သမီးလေးနဲ့သာအချိန်ကုန်ဆုံးနေတာပါ။ 

Photo Credit- Dee Dee’s Facebook
Photo Credit- Dee Dee’s Facebook
Photo Credit- Dee Dee’s Facebook

Treasure လေးကိုတော့ နှစ်ဘက်ဖိုးဖိုး၊ဖွားဖွားတွေသာမကပဲ တီတီတွေအားလုံးရဲ့အသည်းကျော်လေးဖြစ်နေတာပါ။ ဒါ့အပြင် ဖခင်ဖြစ်သူကတော့ လက်ကမချနိုင်လောက်ကိုအသည်းတွေပိုနေတာပါ။ မေမေဒီးဒီကလည်း ပရိသတ်တွေက သမီးလေးရဲ့နှုတ်ခမ်းဖူးဖူးလေးတွေက သူမနဲ့တူတယ်လို့မှတ်ချက်ပေးတာတွေကြောင့် ကြည်နူးနေတာပါ။ 

Photo Credit- Dee Dee’s Facebook
Photo Credit- Dee Dee’s Facebook
Photo Credit- Dee Dee’s Facebook

အခုမှာလည်း ဒီးဒီရဲ့လူမှုကွန်ယက်စာမျက်နှာတွင် သမီးလေးရဲ့ပုံရ်ပ်လေးတွေ တင်ထားတာပါ၊ ဒါကတော့ " မေ့သဲလေးဒီနေ့ ကာကွယ်ထိုးတာသနားပါတယ်ငိုလိုက်တာဆိုတာမေမေပါငိုချင်တယ်နော်

ခုတော့အိပ်သွားရှာပီ" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် သမီးလေးရဲ့ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Dee Dee’s Facebook 

Photo Credit- Dee Dee’s Facebook
Photo Credit- Dee Dee’s Facebook
Photo Credit- Dee Dee’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။