တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်တတ်ကြလွန်းလို့ ပရိသတ်တွေကတောင်အားကျနေရသူတွေကတော့ ရွှေထူးနဲ့ရွှေမှုံတို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ဦးလုံးဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအဖြစ် အနုပညာလောကမှာ ရပ်တည်နေတာပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း ဖေးဖေးမမနဲ့ အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်နေကြတာပါ။ 

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

မကြာသေးခင်ရက်ပိုင်းကလည်း ရွှေထူးတစ်ယောက် အလုပ်ကိစ္စနဲ့ခရီးသွားနေတာကြောင့် ရွှေမှုံတစ်ယောက်သူမရဲ့ ခင်ပွန်းကို Facebook myday လေးမှာ လွမ်းနေတဲ့အကြောင်းလေးတွေကို ရေးသားထားတာပါ။ သူတို့ဇနီးမောင်နှံဟာ မကြာသေးခင်ကပဲ အိမ်ထောင်သက်တမ်းတစ်နှစ်ပြည့်မြောက်ခဲ့တာပါ။ 

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

မနေ့ညကတော့ ရွှေထူးရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ချစ်ဇနီးလေးနဲ့ညစာစားနေတာပဲဖြစ်ပြီး ရွှေမှုံစားသောက်နေတာလေးကို တစိမ့်စိမ့်ကြည့်ကာ ချစ်မဝဖြစ်နေကြတာပါ။ ပရိသတ်တွေကြည့်ရှုရင်းနဲ့ အားကျသွားစေရန် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Htoo Khant's Facebook Myday

Photo Credit - Htoo Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။