ဟာသမင်းသမီးလေးအဖြစ် အားလုံးက အသိအမှတ်ပြုခြင်းခံထားရတဲ့ ဖြူဖြူထွေးကတော့ လူမှုကွန်ယက်ကတစ်ဆင့် လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အပျော်တမ်းဟာသဗီဒီယိုလေးတွေ ရိုက်ကူးရင်း အောင်မြင်ကျော်ကြားလာခဲ့ပြီး အခုဆိုရင် သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေရပြီ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးကိုတော့ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

လက်ရှိမှာတော့ ဖြူဖြူထွေးက " ရောသမမွှေ " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသား လွှမ်းပိုင်၊ မင်းသား ရဲရင့်အောင်၊ မင်းသမီးဖွေးဖွေးတို့နဲ့အတူ စတင်ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ Tik Tok ကစားရတာ ဝါသနာပါတဲ့ ဖြူဖြူထွေးက အခုလည်း ခင်လှိုင်နဲ့အတူ Tik Tok ကစားခဲ့ပါတယ်။ ဟာသတွေလုပ်တတ်တဲ့ ခင်လှိုင်နဲ့ ဖြူဖြူထွေးတို့ကတော့ နှစ်ယောက်ပေါင်းပြီး ပရိသတ်တွေကို ခွီရအောင် သရုပ်ဆောင်ပြလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit- Amazing Grace
Photo Credit-Phyu Phyu Htwe's FB

ခင်လှိုင်နဲ့ ဖြူဖြူထွေးတို့နှစ်ယောက်က ကကွက်ဆန်းတွေကို အတွဲညီညီနဲ့ အတူတူကပြထားကြသလို အခွီပုံစံနဲ့လည်း အိုက်တင်တွေလုပ်ပြထားကြတာ ဖြစ်ပါတယ်။ အူတက်အောင်ရယ်နေရတဲ့ ဖြူဖြူထွေးတို့နှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကတော့ တကယ့်ကို ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟာသသရုပ်ဆောင် ခင်လှိုင်နဲ့ မင်းသမီးလေး ဖြူဖြူထွေးတို့ရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB 

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။