သရုပ်ဆောင် မင်းသားချောလေး ဘုန်းရှိန်ခန့်ကတော့ MRTV - 4 ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အိုက်တင်ပီပြင်ပြီး သရုပ်ဆောင်ကောင်းတဲ့ ဘုန်းရှိန်ခန့်က ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြလေ့ရှိတာ ဖြစ်ပါတယ်။ ဘုန်းရှိန်ခန့်က " ချစ်ရပါသောနွေ၊ စိတ်၏ခြေရာ၊ ပျားရည်အိုင်၊ ပုဂံမြို့သူ " စတဲ့ဇာတ်လမ်းတွဲလေးတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- PhomeShein Khant's FB
Photo Credit- PhomeShein Khant's FB
Photo Credit- PhomeShein Khant's FB

ယခုလက်ရှိ MRTV - 4 မှာ ထုတ်လွှင့်ပြသနေတဲ့ " နွေလယ်ညရဲ့လမင်း " ဇာတ်လမ်းတွဲလေးမှာလည်း ဘုန်းရှိန်ခန့်က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘုန်းရှိန်ခန့်က နွေဦးဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် မင်းသမီးချောလေး ခြူးလေးနဲ့တွဲဖက်ပြီး သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အခုလည်း ဘုန်းရှိန်ခန့်က ဒီဇာတ်လမ်းတွဲလေးထဲက ခြူးလေးနဲ့ရိုက်ကွင်းပုံရိပ်လေးတွေကို မျှဝေထားပါတယ်။

Photo Credit- PhomeShein Khant's FB
Photo Credit- PhomeShein Khant's FB
Photo Credit- PhomeShein Khant's FB

ဘုန်းရှိန်ခန့်က " ကျွန်တော့်ရဲ့သူမနဲ့ရွှေရောင်အိပ်မက် မက်ခွင့်ရပြီပေါ့။ နွေဦး စိုးစန္ဒာ #နွေလယ်ညရဲ့လမင်း " ဆိုပြီး မင်္ဂလာစုံတွဲလေးတွေအဖြစ် လိုက်ဖက်ညီစွာ ရိုက်ကူးထားတဲ့ပုံလေးတွေကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဘုန်းရှိန်ခန့်နဲ့ ခြူးလေးတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို သဘောကျနေကြတာဖြစ်ပါတယ်။ ကဲ "နွေလယ်ညရဲ့လမင်း" ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘုန်းရှိန်ခန့်နဲ့ ခြူးလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- PhomeShein Khant's FB 

Photo Credit- PhomeShein Khant's FB
Photo Credit- PhomeShein Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။