ချမ်းချမ်းပြန်လည်ဖြေရှင်းလိုက်တဲ့ သူမရဲ ့အိမ်ထောင်ရေးအခြေအနေ

အဆိုတော် ချမ်းချမ်းနှင့် သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်တို ့ဇနီးမောင်နှံ ဟာ သမီးလေးတစ်ယောက်ရရှိထားပြီး ပရိသတ်တွေအားကျရတဲ့

မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြသူတွေပါ။

ချမ်းချမ်းဟာ မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားခဲ့တဲ့ အကြောင်းအရာအချို ့ကြောင့် ချမ်းချမ်းတို ့ရဲ ့အိမ်ထောင်ရေးဟာ

အဆင်မပြေဖြစ်နေကြောင်းကောလာဟလတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်မို ့ချမ်းချမ်းက အခုလိုမျိုးပဲ ပြန်လည်ရှင်းလင်းပြောဆိုထားပါတယ်။

“အစ်မ အိမ်ထောင်ရေးက အဆင်ပြေပါတယ်။ ပရိတ်သတ်တွေ စိတ်ပူပေးလို့ ကျေးဇူးလည်းတင်ပါတယ်။ တကယ်တမ်းပြောရရင် အစ်မလည်း အဆိုပိုင်းနဲ့ ပတ်သက်ပြီးနယ်တွေ ထွက်တာများနေတယ်။ အစ်ကိုက လည်း ဗွီဒီယို ရိုက်ကူးတာတွေနဲ့ edit ပိုင်းတွေ လုပ်နေတော့အချိန်မပေးနိုင်ဘူး ဖြစ်နေတဲ့ အခါကျတော့ သမီးလေးက အထီးကျန်သလိုဖြစ်ပြီး သူဂရုမစိုက်ဘူး။ ကိုယ်ဂရုမစိုက်ဘူးဆိုပြီး အပြစ်တင်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် သူအချစ်ပေါ့သွားလို့ မချစ်တော့လို့ အချိန်မပေးတာပေါ့ ဆိုပြီး ကိုယ့့်စိတ်ထဲ ထင်နေတာ။ အမှန်က သူလည်းမအားဘူး။ တစ်ခါတစ်လေတစ်ယောက်နဲ့ တစ်ယောက် ညအိပ်တာတောင် မတွေ့ဖြစ်ဘူး။ နောက်အစ်မက အပေါင်းအသင်းနည်းတယ်။ အစ်ကိုကလည်း အဲ့လိုပဲ အလုပ်ပြီးရင် အိမ်ပြန်တယ်။သမီးလေးနဲ့ပဲနေဖြစ်

တယ်။ စိတ်ထွက်ပေါက်မရှိဘဲနဲ့ ရင်ထဲမွန်း ကျပ်သလို ဖြစ်လာတဲ့အတွက် Facebook ပေါ် ရေးတင်လိုက်တာပါ။ ကျန်တာဘာမှ မဖြစ်ပါဘူး။”

လို ့ချမ်းချမ်းက ပြောပြသွားပါတယ်။

ချမ်းချမ်းက လူမှုကွန်ရက်စာမျက်နှာကနေ အိမ်ထောင်ရေးနဲ ့ပတ်သက်တဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ရာမှ ကောလာဟထွက်ပေါ်ခဲ့တာပါ ။ချမ်းချမ်းရေးခဲ့တဲ့ အကြောင်းအရာကတော့ အခုလိုပဲဖြစ်ပါတယ်။

''သူစိတ်ညစ်နေတာတွေ မပျော်တာတွေဟာ ကိုယ့်ကြောင့်လို့ သိလိုက်ရတဲ့အခါ သူ့ကို စိတ်ဓာတ်တွေ ပျက်စီးကျဆင်းစေတာ ကိုယ့်ကြောင့်လို့ သိလိုက်ရတဲ့ အခါ ကိစ္စတစ်ခုရဲ့ ဘာကြောင့် သူဒီလိုတွေဖြစ်နေရလဲဆိုတာ အဖြေတစ်ခု သိလာရတယ်။ ကိုယ်ဟာ မင်းကို အပူပင်တွေ မပေးခဲ့မိဘူးလို့ ထင်ထားခဲ့တာ။ ကိုယ့်ကြောင့် မင်းဒီလောက်ထိ ဖြစ်သွားလိုက်မယ်လို့ မထင်မိတဲ့ အခါ အရာအားလုံးအတွက် စိတ်မကောင်းဘူး။ ကိုယ်ရှိနေခြင်း၊

ကိုယ်တွေးနေခြင်းတွေ.. ကိုယ့်အယူအဆ တွေဟာ မင်းအတွက်စိတ်အနှောက်အယှက်ဖြစ်စေတာကို တကယ်မသိခဲ့ဘူး။ ဒီနေ့ကစပြီး သူဖြစ်စေချင် သလို နေမယ်လို့ ဆုံးဖြတ်လိုက်ပြီ..သူစိတ်ချမ်းသာပါစေလိုအပ်လို့ အဝေးထွက်သွားဖို့လိုလာရင်တောင် မေးခွန်း တစ်စုံ တစ်ခု မမေးဘဲ ထွက်သွားပေးမယ်။

သူခံစားနေရတာနှစ်နဲ့ တွက်ရင် ၃ နှစ်လောက်တောင်ပေါ့။ တကယ် စိတ်မကောင်းပါဘူး။ ကိုယ့်ကြောင့်မင်းထွက်ပေါက်တွေ မရှိ ဖြစ်နေခဲ့တာ မင်းရင်မဖွင့်ခဲ့ပေမ့ယ် ဒီနေ့ ကိုယ်သိလိုက်ရတယ်… မင်းသိပ်ပင်ပန်းနေတယ်ဆိုတာကိုယ့်ကြောင့်ကိုယ့်ကြောင့်။''

လို ့ချမ်းချမ်းက ရင်ဖွင့်တဲ့ အနေနဲ ့ရေးခဲ့တာပါ။ လက်ရှိမှာ ချမ်းချမ်းတို ့အိမ်ထောင်ရေးအခြေအနေ ကောင်းမွန်နေပါတယ်လို ့လည်း ချမ်းချမ်းက ပြောပြသွားခဲ့ပါတယ်။

Source: myanmarcelewiki

Photo: Myanmar Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။