အသက်သုံးဆယ်ကျော်လို့ထင်ရက်စရာမရှိရလောက်အောင် နုပျိုလှပနေသူကတော့ သရုပ်ဆောင် နန်းဆုရတီစိုးပါ။ သူမဟာ ဆယ်စုနှစ်များစွာတိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူတစ်ယော်က်ပါ။ နန်းဆုဟာ သရုပ်ဆောင်ဘက်တွင်သာမက အဆိုဘက်တွင်မှာပါ ထူးချွန်လွန်းသူတစ်ယောက်ပါ။ 

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

သူမဟာ မိဘတွေကို ယနေ့ထိတိုင်အောင် လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးပါ။ သူမရဲ့အားလပ်ချိန်တိုင်းကိုလည်း မိသားစုနဲ့အတူ အချိန်တွေကုန်ဆုံးလေ့ရှိသူတစ်ယောက်ပါ။ ဒါ့အပြင် နန်းဆုဟာ တူလေးတွေကိုလည်း အသည်းတုန်မတတ်ချစ်တတ်သူတစ်ယောက်ပါ။ အခုမှာလည်း တူလေးတွေနဲ့အတူ ဗီဒီယိုလေးတင်ထားတာပါ။ 

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

ဒါကတော့ မကြာသေးခင်က ပြီးစီးသွားခဲ့တဲ့ အမြွှာတူလေးနှစ်ယောက်ရဲ့မွေးနေ့ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့တာပါ။ တူလေးတွေရဲ့မွေးနေ့တုန်းက အလုပ်ကိစ္စဖြင့် နယ်ရောက်နေတာကြောင့် အခုမှပြန်လုပ်ပေးရတယ်လို့လည်း သူမရဲ့လူမှုကွနယ်ယက်စာမျက်နှာတွင် ရေးသားထားတာပါ။ ပရိသတ်တွေအတွက် နန်းဆုတို့ တူအရီးသုံးယောက်ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Nansu Yati Soe's Facebook Myday

Photo Credit - Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။