သရုပ်ဆောင်ဘက်တွင်သာမက အဆိုဘက်တွင်ပါ ပါရမီပါသူကတော့ မင်းသမီးချောလေး ဆုပန်ထွာပါ။ ပန်ပန်လို့ သူမကိုချစ်တဲ့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတာဖြစ်ပြီး ဆယ်စုနှစ်တွေကျော်အောင် ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပါ။ ပန်ပန်ဟာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။  

Photo Credit - Okkar Kyaw's Facebook
Photo Credit - Okkar Kyaw's Facebook
Photo Credit - Okkar Kyaw's Facebook

မကြာသေးခင်ကလည်း အမေရိကားနိုင်ငံကို နှစ်လကြာ ဖျော်ဖြေ ရေးသွားရောက်ခဲ့တာပါ။ ပန်ပန်ဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သူမရဲ့မိသားစုပုံရိပ်လေးများနဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ အခုမှာလည်း သူမရဲ့ သားလေးဗီဒီယိုလေးကို ခင်ပွန်းဖြစ်သူရဲ့ လူမှုကွန်ယက်တွင် တင်ထားတာပါ။

Photo Credit - Okkar Kyaw's Facebook
Photo Credit - Okkar Kyaw's Facebook
Photo Credit - Okkar Kyaw's Facebook

ဒါကတော့သားလေးရဲ့ကျောင်းက ပွဲလေးတစ်ခုမှာ ဇနီးမောင်နှံနှစ်ယောက်လုံး သားလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတာပါ။ သားလေးဟာလည်း ဖေဖေ၊မေမေတို့နဲ့အတူ ဆော့ကစားရတဲ့အတွက် ပျော်ရွှင်နေကြတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Okkar Kyaw's Facebook

Photo Credit - Okkar Kyaw's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။