Mobile Legends ဆော့တဲ့ပရိသတ်တွေ အားလုံးသိကြတဲ့အတိုင်း Layla ဟာတဆိုရင်တော့ ပရိသတ်တို့ကို ML Game ဆော့တက်အောင် ပြုလုပ်ပေးတဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ Free Hero ဆိုပေမဲ့ ကိုယ်တွေကို Gameဆော့တက်အောင်သင်ပေးပြီး သူရဲ့ Spell တွေနဲ့ ပစ်ချက်တွေကလဲ တော်တော်လေးကို နစ်နေတာမို့ ကိုင်လို့ကောင်းပါတယ်။ Layla ကို High Rank မှာ အကိုင်နည်းကြပေမဲ့လဲ ကိုင်လို့ကောင်းတဲ့ Hero တစ်ယောက်ပါပဲ။ 

Photo Credit : Screenshot From Mobile Legends Game

Adminအနေနဲ့ပြောရရင် Ml မှာ ကိုယ်သာကိုင်တက်ရင် Hero တိုင်းဟာ ကိုင်လို့ကောင်းပါတယ်။ ကိုယ်ယူထားတဲ့ Role အတိုင်း စနစ်တကျကိုင်တက်ဖို့ပါပဲ။ Layla ဆိုရင်လဲ Spell တွေကလဲ ဆော့တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ Skill 1 ကတော့ အရှေ့ကို ချိန်းပြီး ပစ်လိုက်တဲ့ချိန်မှာ Energy Bomb တစ်ခုထွက်သွားမှာဖြစ်ပြီး Level အလိုက် Damage မြင့်သွားမှာဖြစ်ပါတယ်။ Skill 2ကတော့ သုံးလိုက်ရင် ရန်သူရှိရာကို Spell ကွင်းအတွင်း Energy Ball ထွက်သွားမှာ ဖြစ်ပြီး ရန်သူကို၂စက္ကန့် ရွေ့လျားနှုန်းနှေးစေမှာဖြစ်ပါတယ်။ Ultimate ကတော့ Energy Cannon ပစ်လိုက်မှာဖြစ်ပြီး Physical Damage အကြမ်းစားထိစေမှာပါ။ 

Photo Credit : Screenshot From Mobile Legends Game

သူမရဲ့ Passive ကတော့ Layla ရဲ့Basic Attack နဲ့ Skill တွေကို ပိုမိုပစ်ကွင်းဝေးစွာပစ်နိုင်အောင်လုပ်ပေးပြီး Damage ပိုထိစေပါတယ်။ ၁၀၀ကနေ ၁၃၀ထိ ပစ်ကွင်းကို ပိုမိုကျယ်စေမှာဖြစ်ပါတယ်။ Battle ဝင်မယ်ဆိုရင်တော့ အနောက်ကနေပြီး Skill 2 ကိုအရင်သုံး ပြီးတာနဲ့ 1 သုံး နောက်ဆုံးမှာတော့ Ultimate ကိုသုံးလိုက်ပါ။ Layla ကတော့ 1 vs 1 ဆွဲတာပိုကောင်းပါတယ်။ Battle ဆိုင်ရင်တော့ ရန်သူတွေကို နောက်ကနေ ထိုင်ပစ်နေရာမှာပါပဲ။ Global 1 ရဲ့ Emblem နဲ့ Itemကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။