ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အသံချိုချိုအေးအေးလေးနဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ကတော့ အဆိုတော်ဇော်ပိုင်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သားလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit – Zaw Paing’s Facebook
Photo Credit – Zaw Paing’s Facebook

ဇော်ပိုင်ရဲ့သားလေး ရွှေပိုင်ကလည်း ချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ အနုပညာရှင်ရင်သွေးလေးတွေထဲက တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ်နော်..။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲနေရာယူထားတဲ့ ရွှေပိုင်ကတော့ ချစ်စရာကောင်းလွန်းပြီး တိရိစ္ဆာန်လေးတွေကိုချစ်တတ်ကာ အနုပညာဝါသနာပါတဲ့ သားလေးအကြောင်းကို ပြောပြလာပါတယ်နော်..။


Photo Credit – Zaw Paing’s Facebook
Photo Credit – Zaw Paing’s Facebook

သားကိုလိမ္မာယဉ်ကျေးအောင် ကိုယ့်ကိုကိုယ်စဉ်းစားဆင်ခြင်နိုင်ပြီး အမှားအမှန်ဆုံးဖြတ်နိုင်အောင် ငယ်ပေမယ့်ငယ်တဲ့အသိနဲ့ သင့်တင့်တဲ့ စကားပြောဆိုဖို့ကို အဓိကထားကာ သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းလေးနဲ့ အနုပညာဝါသနာပါတဲ့ သားလေးအကြောင်းကိုလည်း ပြောပြထားတာပါ..။

သားလေး ကြီးလာတဲ့အခါမှာ သူရွေးချယ်မှုတွေကို အကောင်းဖြစ်အောင် လုပ်ပေးသွားမှာဖြစ်ပြီး သားသွားချင်တဲ့နေရာလေးတွေနဲ့ သားက တိရိစ္ဆာန်လေးတွေကို ချစ်တဲ့အတွက် တိရိစ္ဆာန်ရုံကို ပို့ပေးကာ အခြားပိတ်ရက်ကတော့ မိသားစုနဲ့ အပန်းဖြေခရီးထွက်ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ ဇော်ပိုင်ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Zaw Paing’s Facebook
Photo Credit – Zaw Paing’s Facebook

Photo Credit – Zaw Paing’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။