အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေကြတဲ့ မြင့်မြတ်နဲ့အိချောပိုတို့နှစ်ယောက်ကတော့ ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေရပြီး ထိပ်ဆုံးမှာနေရာယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က ဇာတ်ကားတော်တော်များများမှာလည်း အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ရပါတယ်။

Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB

ဒီနှစ်မှာဆိုရင်လည်း မြင့်မြတ်နဲ့ အိချောပိုတို့နှစ်ယောက်က " ချိုးရုပ် " ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပြန်ပါတယ်။ အခုလည်း သူတို့နှစ်ယောက်က Photo Shooting တစ်ခုမှာ လိုက်ဖက်ညီစွာ ရိုက်ကူးရေးပြုလုပ်ခဲ့ကြပါတယ်။ အိချောပိုက မြင့်မြတ်နဲ့အတူ ရိုက်ကူးရေးပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB

မြင့်မြတ်နဲ့ အိချောပိုတို့က နှစ်ယောက်သား လက်ချင်းတွဲပြီး စကားတပြောပြောနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးရေးပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကလည်း စတိုင်ကျပြီး ခန့်ညားနေသလို ပရိသတ်အချစ်တော်စူစူလေးကလည်း မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော မြင့်မြတ်နဲ့ မင်းသမီးချော အိချောပိုတို့ရဲ့ ရိုက်ကွင်းဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ei Chaw Po's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။