ပရိသတ်ကြီးရေ မင်းသမီးချောလေးဖွေးဖွေးကတော့ အကယ်ဒမီ၃ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး အနုပညာလောကမှာထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ ချစ်စနိုးလေးနဲ့ ဖွေးစိန်လေးကိုခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုခြေလှမ်းတိုင်းကို တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:Phway Phway's Page
Photo Credit:Phway Phway's Page

ဖွေးဖွေးက အနုပညာအလုပ်နဲ့ပက်သက်ရင်လည်း စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားတာကြောင့် သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်တွေကကြိုက်နှစ်သက်ကြပါတယ်။စိတ်ထားလေးလည်းဖြူစင်ပြီး သဘောမနောကောင်းတဲ့အပြင် လူတန်းစားမခွဲခြားဘဲ အကုန်လုံးကိုဖော်ဖော်ရွေရွေဆက်ဆံတတ်လို့ လူချစ်လူခင်ပေါများတဲ့ ရွှေမင်းသမီးလေးဖြစ်ပါတယ်နော်။

Photo Credit:Phway Phway's Page
Photo Credit:Phway Phway's Page

လက်တလောမှာတော့ ဖွေးစိန်လေးက မင်းသားချောဒေါင်းရယ် မင်းသမီးချောသက်မွန်မြင့်တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်လည်း ဒေါင်းနဲ့အတူ ကြော်ငြာကိုအတူတူရိုက်ကူးနေပြီး ဒေါင်းနဲ့ဖွေးစိန်လေးတို့က အတွဲညီစွာနဲ့လိုက်ဖက်ညီတာကိုတွေ့မြင်ရပါတယ်။ရှုတင်မှာ ရင်းနှီးခင်မင်နေကြတဲ့ ဒေါင်းနဲ့ဖွေးဖွေးတို့ရဲ့ ချစ်စရာပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phway Phway's Page
Photo Credit:Phway Phway's Page
Photo Credit:Phway Phway's Page

Photo Credit:Phway Phway's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။