အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုရရှိထားတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတင့်တယ်ပြီး အရမ်းချစ်စရာကောင်းတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ရှမ်းမလေးမြတ်ရတနာကျော်ကိုအရမ်းချစ်ပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ယောက်က သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး သမီးလေးကလည်း အဖေချော အမေချောဖြစ်လို့ အရမ်းချစ်စရာကောင်းပါတယ်နော်။Scarlett Phyo Tun လို့ နာမည်လှလှလေးပေးထားပြီး အသားလေးကလည်းဖြူဖွေးဥနေကာ မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် ကြီးလာရင် မေမေ့လိုပဲအရမ်းလှမယ့် သမီးချောလေးဖြစ်မှာပါနော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

အခုဆိုရင်တော့ အာဘွိုင်းတို့ဇနီးမောင်နှံနှစ်ယောက်က Scarlett လေးကိုပါခေါ်ပြီး စင်ကာပူကို အလည်အပတ်ခရီးထွက်သွားတာဖြစ်ပါတယ်။မိသားစုသုံးယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့စင်ကာပူရဲ့နေရာအနှံ့အပြားကိုလည်ပတ်နေကြပြီး Scarlett လေးကလည်း မျက်လုံးလေးအဝိုင်းသားနဲ့လျှောက်ကြည့်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြိးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

Photo Credit:Myat Yadanar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။