ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ကျရာဇာတ်ရုပ်ကာရိုက်တာတွေအမျိုးမျိုးမှာ ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲက အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူကတော့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်ပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပရိသတ်အချစ်တော်တစ်ဦးအဖြစ် အနုပညာလေကမှာ ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ဖြတ်သန်းနေသူပါ..။


Photo Credit – Kyaw Kyaw Bo’s Facebook
Photo Credit – Kyaw Kyaw Bo’s Facebook

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ကျော်ကျော်ဗိုလ်ကတော့ မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့အတူ “အဟောင်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှာဖြစ်ပြီး ကျော်ကျော်ဗိုလ်ကိုတော့ ရှုပ်ထွေးပြီး ထွေပြားနေတဲ့ စိတ်ခံစားမှုရှိတဲ့ လူတစ်ယောက်အနေနဲ့ ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

ရင်ခုန်သံမြန်တဲ့ခံစားမှုမျိုးကို လူတိုင်းကြိုက်ကြပြီး ကျွန်တော်လည်း ကြိုက်တယ်သလို “အဟောင်း” ဇာတ်ကားလေးကလည်း ထိတ်လန့်ပြီးရင်ခုန်သံမြန်တဲ့ ဇာတ်ကားမျိုးလေးပါဆိုပြီး ပြောပြလာခဲ့ပါတယ်..။


Photo Credit – Kyaw Kyaw Bo’s Facebook
Photo Credit – Kyaw Kyaw Bo’s Facebook

လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက ဇာတ်ညွှန်းတွေအဆင့်ဆင့်ပြင်ဆင်ပြီး ဇာတ်လမ်းပိုင်ဆိုင်ရာတွေဆွေးနွေးကြပြီး အားလုံးပူးပေါင်းပြီးတော့ အနုပညာဆန်ဆန်ဖန်တီးကြတဲ့ ဇာတ်ကားလေးမို့ ရင်ခုန်တဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

ဇာတ်ကားလေးနဲ့ ပတ်သက်ပြီးပြောပြထားတဲ့ ကျော်ကျော်ဗိုလ်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit – Kyaw Kyaw Bo’s Facebook
Photo Credit – Kyaw Kyaw Bo’s Facebook

Photo Credit – Kyaw Kyaw Bo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။