ပရိသတ်အချစ်တော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ နာမည်လေးကလှသလို ရုပ်ရည်လေးကည်း တကယ့်ကိုလှပလွန်းတာ ဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင်တဲ့အလှတရားတွေကိုမှ ပိုင်ဆိုင်ရရှိထားတဲ့ ကစ်ကိုတော့ မိန်းကလေးအချင်းချင်းကတောင် အားကျနေရတာ ဖြစ်ပါတယ်။ ရွှေကစ်လေးရဲ့ အသားအရေလေးက ဖြူစင်ဝင်းမွတ်ပြီး မျက်နှာလေးကလည်း နူးညံ့ချောမွတ်နေတာကြောင့် ပရိသတ်တွေက အသည်းကြွေနေရတာဖြစ်ပါတယ်။
ရွှေကစ်လေးက အလှအပရေးရာနဲ့ပတ်သက်ရင် ကိုယ့်ကိုကိုယ် ဂရုစိုက်သလို လေ့ကျင့်ခန်းတွေလည်း ပုံမှန်ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။ အလုပ်အားလပ်ချိန်တိုင်းမှာ GYM သွားပြီး အားကစားလုပ်လေ့ရှိတဲ့ ရွှေကစ်က မနေ့ကတော့ " Real Fitness Signature Club Sedona" ကိုသွားရောက်ခဲ့ပါတယ်။ ရွှေကစ်လေးက GYM မှာ ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
မခိုင်လေးတို့သားအမိနဲ့ဆုံတွေ့ခဲ့ကြောင်းကို ကစ်က ဗီဒီယိုလေးရိုက်ပြီး ပရိသတ်တွေအတွက် သူမရဲ့ My Story မှာ တင်ပေးထားတာ ဖြစ်ပါတယ်။ ရွှေကစ်နဲ့ မခိုင်လေးတို့သားအမိနှစ်ယောက်ကတော့ အချင်းချင်း စနောက်ရယ်မောရင်း ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် GYM မှာ အတူတူဆုံတွေ့ခဲ့ကြတဲ့ ရွှေကစ်နဲ့ ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo & Video Credit- Wutt Hmone Shwe Yi's FB & IG
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။