photo credit - Liquipedia

ဒီကနေ့မှာဆိုရင်တော့ MDL Chengdu Major lower bracket round 2 ပွဲစဉ်တွေယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး

ပထမဆုံးပွဲစဉ်အနေနဲ့ Team Liquid VS EHOME တို့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ဒီပွဲစဉ်မှာတော့ လတ်တလော performance ကောင်းတွေပြသနေတဲ့ Team Liquid ဟာ EHOME ကို 2 း 0 နဲ့အနိုင်ရရှိခဲ့တာကြောင့် EHOME အနေနဲ့ MDL Chengdu Major ကနေထွက်ခွာပြီး အိမ်ပြန်ရတော့မှာပဲဖြစ်ပါတယ်။

နောက်ထပ်ပွဲစဉ်တွေအနေနဲ့ကတော့

Team Aster Vs Allience

Invictus Gaming Vs Fnatic

Fighting PandaS Vs beastcoast တို့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး lower bracket ဖြစ်တဲ့အတွက် ရှုံးတဲ့အသင်း 3 သင်းဟာ EHOME လိုပဲ MDL Chengdu Major ကနေထွက်ခွာပြီး အိမ်ပြန်ရမှာပဲဖြစ်ပါတယ်။

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။