ပရိသတ်တွေတိုင်းကို နိုင်ငံတကာအဆင့်မှီတဲ့ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုစေလိုသောစေတနာဖြင့် အရည်အသွေးမြင့်တဲ့ဇာတ်ကားတွေကို ရိုက်ကူးပေးနေသူတွေကတော့ င်္ခမောင်နှံပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့အနုပညာအပေါ်မှာထားရှိတဲ့စိတ်ထားလေးတွေကို မချီုးကျူးပဲမနေနိုင်အောင်ပါပဲ။ သူတို့ဇနီးမောင်နှံကိုတော့ ပရိသတ်တွေသာမကပဲ အနုပညာရှင်တိုင်းကပါ အားပေးချစ်ခင်ကြတာပါ။

Photo Credit- Zenn Kyi’s Facebook
Photo Credit- Zenn Kyi’s Facebook
Photo Credit- Zenn Kyi’s Facebook

လတ်တလောမှာလည်း သူတို့ရိုက်ကူးထားတဲ့" Now And Ever (ထာဝရနှောင်ကြိုး) " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသနေတာပါ။ ဒီဇာတ်ကားကြီးဟာ ရုံမတင်ခင်ကတည်းက အားလုံးရဲ့စိတ်ဝင်စားခြင်းကို ခံထားရတာပါ။ ဒီဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးထားတာပဲဖြစ်ပြီး ဇာဏ်ခီကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ပါဝင်သရုပ်ဆောင်ထားတာပါ။

Photo Credit- Zenn Kyi’s Facebook
Photo Credit- Zenn Kyi’s Facebook
Photo Credit- Zenn Kyi’s Facebook

ဒီဇာတ်ကားကြီးမှာပါဝင်တဲ့ဇာတ်ဝင်သီချင်းတွေကိုလည်း မကြာသေးခင်ကပဲ သီချင်း Album ထွက်ရှိထားတာပါ။ အခုမှာလည်း ဇာဏ်ခီရဲ့လူမှုကွန်ယက်စာမျက်နှာတွင်ပုံရိပ်လေးတွေတင်ထားတာပါ။ ဒါကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အန်တီဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့အခွေနဲ့စာအုပ်လေး လက်ဆောင်ပေးခဲ့ရလို့ကြည်နူးပီတိဖြစ်နေတဲ့ ပုံရိပ်လေးပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Zenn Kyi’s Facebook 

Photo Credit- Zenn Kyi’s Facebook
Photo Credit- Zenn Kyi’s Facebook
Photo Credit- Zenn Kyi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။