ပရိသတ်ကြီးရေ ဒါရိုက်တာခရစ္စတီးနားခီနဲ့ မင်းသားချောဇာဏ်ခီတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ အနုပညာကိုရူးသွပ်ကြသူတွေဖြစ်လို့ အနုပညာနဲ့ပက်သက်ရင် အရမ်းကြိုးစားကြပါတယ်နော်။ပရိသတ်တွေကလည်း ဇာဏ်ခီတို့ဇနီးမောင်နှံရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အရမ်းကြိုက်နှစ်သက်ကြပြီးချီးကျူးလေးစားကြပါတယ်။

Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook

ဇာဏ်ခီတို့ဇနီးမောင်နှံနှစ်ယောက်လုံးက ရိုးသားကြိုးစားပြီးစိတ်သဘောထားဖြူစင်ကြသူတွေဖြစ်လို့ ပရိသတ်တွေရဲ့မေတ္တာတွေကိုလည်း ရရှိကာ အနုပညာလောကမှာနေရာတစ်နေရာရရှိလာခဲ့တာဖြစ်ပါတယ်။မကြာသေးခင်ကမှရုံတင်ထားတဲ့ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိပြီးအောင်မြင်ခဲ့ပါတယ်နော်။

Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook

အခုဆိုရင်တော့ ဇာဏ်ခီတို့ဇနီးမောင်နှံက အမေဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ဇာဏ်ခီကိုယ်တိုင်ရေးသားထားတဲ့စာအုပ်ရယ် ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇာတ်ဝင်တေးအခွေရယ်ကိုလက်ဆောင်ပေးခဲ့ကြပါတယ်။ဇာဏ်ခီကတော့"အမေ့မေတ္တာခံယူ..ခင်ပွန်းကြီး ၁၀ပါးထဲ အမြဲကန်တော့နေကျကနေ အခုလူပုဂ္ဂိုလ်ကို ကန်တော့ခွင့်ရလိုက်တဲ့အတွက် လွန်စွာကြည်နူးမိပါတယ်။အမေ ကျန်းမာပါစေ.. သက်ရှည်ပါစေ.."ဆိုပြီး လက်စုံမိုးပြီးကန်တော့ခဲ့တဲ့ဗီဒီယိုဖိုင်လေးကို မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook

Photo Credit:Zenn Kyi's Facebook

Video Credit:Zenn Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။