photo credit - Fnatic Facebook

Fnatic အသင်းကတော့ MDL Chengdu major group stage ခွဲတဲ့အချိန်မှာ Group B မှာ Vici Gaming , Alliance , Team Spirit တို့နဲ့အတူ ကျရောက်ခဲ့ပါတယ်။

Group stage ပြီးတဲ့အချိန်မှာတော့ Finatic ဟာ အဆင့် 3 နေရမှာ ရရှိခဲ့တာကြောင့် lower bracket ကိုရောက်ရှိခဲ့ပြီး Round 1 အနေနဲ့ Team Unknown နဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။

၎င်းပွဲစဉ်မှာတော့ Fnatic ဟာ အနိုင်ရရှိခဲ့တဲ့အတွက် lower bracket round 2 ကိုရောက်ရှိခဲ့ပြီး upper bracket ကနေ EG ကို ရှုံးပြီး lower ရောက်လာတဲ့ Invictus Gaming နဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။

Game 1 မှာတော့ Fnatic ဟာ ကစားကွက်အသာကြီးနဲ့ IG ကိုဖိအားပေးကစားနိုင်ခဲ့ပြီး Game 1 ကိုအနိုင်ရရှိခဲ့ပါတယ်။

Game 2 အရောက်မှာတော့ တရုတ်နဂါး IG တို့ခေါင်းပြန်ထောင်လာခဲ့ပြီး ပွဲအစပိုင်းမိနစ်တွေထဲက 23savage ရဲ့ Alchemist ကိုကောင်းကောင်း control လုပ်နိုင်ခဲ့ပြီး Game ကို အနိုင်ရရှိအောင်ဆော့နိုင်ခဲ့ပါတယ်။

Game 3 အရောက်မှာဆိုရင်လည်း အစပိုင်းမှာနှစ်သင်းစလုံး အဆင်ပြေသလိုရှိရပေမယ့် mid game လောက်အရောက်မှာ IG အနေနဲ့အနည်းငယ်သာသလိုရှိခဲ့ပေမယ့် Fnatic ရဲ့ comeback battle တွေကြောင့် lane တက်လို့မရခဲ့ပါဘူး။

ဒါပေမယ့်လည်း Fnatic အနေနဲ့ နောက်ဆုံးမှာ IG ရဲ့ teamwork ကို မယှဉ်နိုင်တော့ဘဲ အရှုံးပေးခဲ့ရပါတယ်။

ဒါ့ကြောင့် MDL Chengdu Major ကနေ Fnatic ထွက်ခွာခဲ့ရပြီဖြစ်သလို sea ကိုယ်စားပြုအနေနဲ့ TNC Predator တစ်သင်းပဲ ကျန်ရှိပါတော့တယ်။

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။