ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ထိပ်တန်းကနေ ရပ်တည်နေသူလေးလည်း ဖြစ်ပါတယ်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲ အပြည့်အဝနေရာယူထားတဲ့ ချစ်သက်လေးကတော့ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေပြီး “ဗိုလ်နေတိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

ချစ်သက်လေးကတော့ “ဗိုလ်နေတိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ တွေ့ကြုံခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြောပြရင်း လူအများကိုတင်ပြီး တောင်အဆင်းလမ်းမှာ ဂျစ်ကားမောင်းခဲ့တဲ့ အတွေ့အကြုံလေးကိုလည်း ပြောပြလာခဲ့ပါတယ်..။

လူအများကြီးကိုတင်ပြီး တောင်အဆင်းလမ်းမှာ ရှေးခေတ်ကဂျစ်ကားကို ကိုယ်တိုင်မောင်းခဲ့ရတဲ့ စိုးရိမ်မှုလေးတွေနဲ့ အမှတ်တရလေးတွေအကြောင်းကို ချစ်သက်လေးက ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

ရှေးခေတ်က ဂျစ်ကားဖြစ်ပြီး ဒီနေ့ခေတ်လို နည်းနည်းပုံမှန် မဟုတ်တဲ့ ဂျစ်ကားကို မောင်းပြီး တောင်အကွေ့တွေ အဆင်းအတတ်ကို မောင်းရတာဖြစ်ပြီး ကိုယ့်လက်ထဲမှာ လူတွေအများကြီးရှိတာမို့ ကိုယ်တခုခုတိမ်းစောင်းသွားရင် တိုက်မိတာတို့ ချောက်ထဲကျသွားတို့ဆိုရင် လူအများရဲ့အသက်က သက်မွန်လက်ထဲမှာရှိတယ်ဆိုတော့ အဲ့ဒီစိုးရိမ်မှုတော့ ရှိတယ်ဆိုပြီး ချစ်သက်လေးက ပြောပြထားပါသေးတယ်နော်..။

“ဗိုလ်နေတိုး” ဇာတ်ကားကြီးမှာတော့ ချစ်သက်လေးကို ရဲရင့်ပြီး ကူညီတတ်သလို သတ္တိရှိတဲ့ သူပုန်ရဲ့မိန်းမတစ်ယောက် ကာရိုက်တာ အနေနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်သလို ချစ်သက်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။