ရဲလေးနဲ့ ရဲရင့်အောင်တို့နှစ်ယောက်ကတော့ မိန်းကလေးပရိသတ်တွေရဲ့အထူးတလည်ဝန်းရံအားပေးမှုကို အပြတ်အသတ်ရရှိထားတဲ့ ကိုလူချောလေးတွေ ဖြစ်ကြပါတယ်။ ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလောကမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ရဲလေးနဲ့ ရဲရင့်အောင်တို့နှစ်ယောက်ကတော့ မသိသူမရှိလောက်အောင်ပါပဲနော်။ အခုချိန်အထိလည်း သူတို့နှစ်ယောက်က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Photo Credit- Ye Tun Min's FB
Photo Credit- Yair Yint Aung's IG
Photo Credit- Yair Yint Aung's IG

အခုတော့ ရဲရင့်အောင်က ပရိသတ်တွေစိတ်ဝင်စားသွားစေမယ့် ပုံရိပ်လေးတစ်ခုကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေလိုက်ပါတယ်။ ဒီပုံလေးကတော့ ရဲရင့်အောင်နဲ့ လတ်တလောလူမှုကွန်ယက်စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားအောင်မြင်နေတဲ့ Tik Tok Cele နှစ်ယောက်တို့အတူရိုက်ကူးထားတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ Tik Tok Cele နှစ်ယောက်ကတော့ လက်ရှိမှာ မန္တလေးက ရန်ကုန်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

Photo Credit- Yair Yint Aung's IG
Photo Credit- Yair Yint Aung's IG

ရဲရင့်အောင်က " Art is not a hobby. It is how u live. " ဆိုပြီးပုံလေးကိုတင်ထားသလို သူမတို့နှစ်ယောက်ကလည်း ရဲလေးနဲ့ပုံရိပ်လေးကို မျှဝေထားပါတယ်။ Tik Tok Cele နှစ်ယောက်ကတော့ အနုပညာရှင်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အမှတ်တရပုံလေးတွေ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နာမည်ကြီးနေတဲ့ Tik Tok Cele မမနှစ်ယောက်နဲ့ ရဲလေး၊ ရဲရင့်အောင်တို့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Yair Yint Aung's IG ,Ye Tun Min's FB & Kaung Kin's FB 

Photo Credit- Kaung Kin's FB
Photo Credit- Kaung Kin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။