အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်ချစ်ရတဲ့ သူတစ်ဦးလည်းဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ "တကယ်ပြတ်ပြီတဲ့" ပရိသတ်ကြီးရေ....
သူမဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ ခံစားချက်တွေ အမှတ်တရဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုစာမျက်နှာကနေ သူမရဲ့ ပရိသတ်တွေဆီ မျှဝေပေးလေ့ရှိပါတယ်။ ပျော်ပျော်နေတတ်တဲ့ သင်ဇာတစ်ယောက်တော့ "တကယ်ပြတ်ပြီဒီတခါ BYE BYE" ဆိုတဲ့ စာသားလေးကို မနေ့ညက သူမရဲ့ လူမှုစာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ဒီ post အောက်မှာတော့ သူမရဲ့ အနုပညာမောင်နှမတွေ ဖြစ်ကြတဲ့ ကိုခန့်စည်သူတို့ နေခြည်ဦးတို့ မပုံတို့ကတော့ "မဟုတ်ဘဲနဲ့" ဆိုုပြီး ကွန်းမန့်ဝင်ပေးထားကြတာတွေ့ရပါတယ် ပရိသတ်ကြီးရေ....
ယခုလတ်တလောမှာတော့ သင်ဇာဝင့်ကျော်ဟာ ပုပ္ပါးကိုရောက်ရှိနေတယ်လို့ သိရပြီး အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ ရွှေကြာ ဇာတ်ကားကြီးမှာလည်း ပါဝင်ထားသလို အခြားအနုပညာလှုပ်ရှားမှုတွေလည်း လုပ်ကိုင်နေတယ်လို့သိရပါတယ်။
Source: Thinzar Kyaw
Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။