photo credit - liquipedia

MDL Chengdu major ကျင်းပလာခဲ့တာဟာ ဒီနေ့ဆို ငါးရက်မြောက်နေ့ရှိပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ စုစုပေါင်း Upper bracket 2 ပွဲနဲ့ lower bracket 2 ပွဲစုစုပေါင်း လေးပွဲကစားသွားမှာပဲဖြစ်ပါတယ်။

ပထမဆုံးစတင်ယှဉ်ပြိုင်ခဲ့တဲ့ lower bracket ပွဲစဉ်တစ်ပွဲဖြစ်တဲ့ IG Vs Fnatic ပွဲစဉ်မှာတော့ IG က 2 : 1 နဲ့အနိုင်ရရှိခဲ့တဲ့ lower bracket round 3 ကိုတက်ရောက်သွားခဲ့ပါတယ်။

ဒုတိယမြောက် lower bracket ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Fighting Panda SVs beastcoast ပွဲစဉ်မှာတော့ beastcoast က 2 : 0 နဲ့အနိုင်ရရှိခဲ့တဲ့အတွက် lower bracket round 3 ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Upper bracket ပွဲစဉ်တစ်ပွဲဖြစ်တဲ့ TNC Predator Vs J.Storm ပွဲစဉ်မှာတော့ TNC က 2:0       နဲ့ အနိုင်ရရှိခဲ့တဲ့အတွက် Upper bracket Final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

နောက်ထပ် Upper bracket ပွဲစဉ်တစ်ခုဖြစ်တဲ့ Vici Gaming Vs Evil Geniuses ပွဲစဉ်မှာတော့ Vici Gaming က 2:1နဲ့အနိုင်ရရှိတာကြောင့် Upper bracket Final ကိုတက်ရောက်လာခဲ့ပြီး 22.11.2019 ရက်နေ့မှာ TNC နဲ့ဆော့ကစားသွားရမှာပဲဖြစ်ပါတယ်။

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။