ပရိသတ်ကြီးရေ.. သဘင်မင်းသားချောဖိုးချစ်လို့ ဆိုလိုက်တာနဲ့ ဇာတ်သဘင်လောကမှာ ပရိသတ်တွေ အခိုင်အမာနဲ့ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထား ဇာတ်မင်းသားချောလေးကို ပရိသတ်တွေမြင်ယောင်မိကြမှာပါနော်..။

ဇာတ်မင်းသား ဖိုးချစ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံး ရရှိထားပြီး ဇာတ်သဘင်လောကအတွက် အကောင်းဆုံးကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Phoe Chit's Facebook
Photo Credit - Phoe Chit's Facebook

ပရိသတ်တွေရဲ့ အချစ်တော် ဖိုးချစ်ကတော့ အနုပညာသမားတွေကလည်း လူသားတွေမို့ ပျော်တတ်တယ် ခံစားတတ်တယ် ဝမ်းနည်းတတ်တာမို့ အနုပညာသမားတွေကို နားလည်ပေးကြဖို့ ပြောပြလာခဲ့ပါတယ်နော်..။

ချစ်ခြင်းမုန်းခြင်းတွေဆိုတာ လောကမှာ မတည်မြဲတာမို့ ကျင့်ဝတ်နဲ့တန်ဖိုးထားရမယ့် စိတ်ကတော့ အမြဲတမ်း သတိထားပြီးနေဖို့လိုပြီး တန်ဖိုးထားဖို့ လိုသလို အနုပညာရှင်တွေက ပရိသတ်တွေချစ်မှ ရပ်တည်လို့ ရတဲ့ အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Phoe Chit's Facebook
Photo Credit - Phoe Chit's Facebook

အနုပညာသမားတွေဟာ ပရိသတ်တွေချစ်မှ ရပ်တည်လို့ရတဲ့ လူတွေဖြစ်တာပြီး အနုပညာရှင်တွေက မှီခိုသူဖြစ်ပြီး ပရိသတ်တွေက မှီခိုခံသူတွေမို့ ပရိသတ်တွေစိတ်ချမ်းသာဖို့ လိုကာ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်းမတူပေမယ့် နားလည်ပေးစေချင်တာက အနုပညာရှင်တွေကလည်း လူသားတွေမို့ ပျော်တတ်တယ် ခံစားတတ်တယ် ဝမ်းနည်းတတ်ကြပါတယ်.. ဆိုပြီး ပြောပြလာခဲ့တာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ ဇာတ်မင်းသားလေး ဖိုးချစ်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာမို့ ဖိုးချစ်ရဲ့ ပရိသတ်တွေအားလုံးပဲ ကျေနပ်သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo by Myanmarload
Photo by Myanmarload

Photo Credit - Phoe Chit's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။