နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တင့်တယ်လွန်းတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ ရွှေရွှေတို့ဇနီးမောင်နှံက ထိပ်ဆုံးကအပါအဝင်ဖြစ်ကြပါတယ်။ အချစ်ငှက်လေးတွေလို့အားလုံးက တင်စားခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်းတစ်နှစ်ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။ အမြဲတမ်း Romantic ဆန်ဆန်ချစ်တတ်ကြတဲ့ သူတို့စုံတွဲလေးကိုတော့ အားလုံးကအားကျနေရတာ ဖြစ်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

လက်ရှိမှာတော့ ရွှေရွှေတို့စုံတွဲလေးက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြသလို သာယာတဲ့အိမ်ထောင်ရေးကိုလည်း တည်ဆောက်နေတာ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်မလေးဖြစ်လာတဲ့ ရွှေမှုန်ရတီကလည်း အခုနောက်ပိုင်းမှာ တစ်နေ့တစ်ခြားပိုပိုပြီး လှသွေးကြွယ်လာတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ရွှေရွှေတို့စုံတွဲက ပွဲအခမ်းအနားလေးတစ်ခုကို အတူတူတက်ရောက်ခဲ့ကြပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ '' Hawei Mate 30 Pro '' မိတ်ဆက်ပွဲကို ''Hawei'' ရဲ့ Brand Ambassador ဖြစ်တဲ့သူတို့ဇနီးမောင်နှံက တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အချစ်မျက်ဝန်းလေးတွေနဲ့ အပြန်အလှန်ငေးကြည့်နေတဲ့ သူတို့စုံတွဲလေးကတော့ အရမ်းကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေရွှေတို့ဇနီးမောင်နှံရဲ့ပွဲတက်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati's FB

Photo Credit - Amazing Grace

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။