မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့သားဖြစ်တဲ့ လွင်ထက် ခေါ် Liam လေးကတော့ မေမေ့လိုပဲပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေတဲ့ ကလေးလေး ဖြစ်ပါတယ်။ Liam လေးက ဘိုးဘိုးလွင်မိုးနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ မြေးချောလေးလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းလို့ မိသားစုရဲ့ဆည်းလည်းလေးဖြစ်နေတဲ့ Liam လေးကိုတော့ အနုပညာရှင်တွေရော ပရိသတ်တွေက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။

Photo Credit-Yunwaddy Lwin Moe's FB
Photo Credit-Yunwaddy Lwin Moe's FB
Photo Credit-Yunwaddy Lwin Moe's FB

အခုဆိုရင် Liam လေးက အသက်တစ်နှစ်ကျော်အရွယ်ရှိနေပြီဖြစ်ပြီး လမ်းစလျှောက်တတ်နေပြီလည်း ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ အသည်းယားစရာကောင်းတဲ့ Liam လေးကိုတော့ ပရိသတ်တွေက တစ်နေ့တစ်ခြား အချစ်တွေပိုတိုးနေရတာ ဖြစ်ပါတယ်။ အခုလည်း Liam လေးက သနပ်ခါးပါးကွက်ကြားလေးလိမ်းပြီး တီတီယွန်းနဒီလွင်မိုးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားနေတာ ဖြစ်ပါတယ်။

Photo Credit-Yunnaddy's IG
Photo Credit-Yunnaddy's IG

တီတီယွန်းနဒီလွင်မိုးက Liam လေးကိုထိန်းရင်း တူလေးရဲ့ချစ်စဖွယ်အမူအရာလေးတွေကိုရိုက်ထားတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ကင်မရာကိုမျက်လုံးအဝိုင်းသားလေးတွေနဲ့လိုက်ကြည့်ပြီး အရမ်းသဘောကျနေတဲ့ Liam လေးရဲ့ပုံစံကလည်း ချစ်စရာကောင်းလွန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တီတီယွန်းနဒီလွင်မိုးနဲ့အတူ ဆော့နေတဲ့ Liam လေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Yunnaddy's FB & Yunwaddy Lwin Moe's FB 

Photo Credit-Yunnaddy's IG
Photo Credit-Yunnaddy's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။