ရုပ်သံဇာတ်လမ်းတွဲများအပြင် ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်လာပြီး ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိလာသူကတော့ သရုပ်ဆောင်တိုင်ရွန်ပါ။ သူ့ရဲ့သရုပ်ဆောင်မှုများဟာလည်း တဖြည်းဖြည်းနဲ့ပီပြင်လာပြီပဲဖြစ်ပြီး အနုပညာလမ်းကြောင်းမှာလည်း အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ထားတာပါ။ တောင့်တင်းသန်မာတဲ့ဘော်ဒီအမိုက်စားတွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ဝန်းရံခြင်းကို ခံနေရတာပါ။

Photo Credit - Tyron Bejay's Facebook
Photo Credit - Tyron Bejay's Facebook
Photo Credit - Tyron Bejay's Facebook

လတ်တလောမှာလည်း ပွဲအခမ်းအနားတွေ တက်ရောက်ဖြစ်နေတာပါ။ မကြာသေးခင်ကလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ " အကြင်နာမြစ်ဖျား " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ပြသခဲ့တာပါ။ ဒီဇာတ်ကားလေးရဲ့ ကာရိုက်တာကို ပရိသတ်တွေက တစ်ခဲနက်အားပေးခဲ့ကြတာပါ။ တိုင်ရွန်ဟာ ကိုယ်ပိုင်စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေနဲ့ အိမ်လေးတစ်လုံးဝယ်ထားတာပါ။ 

Photo Credit - Tyron Bejay's Facebook
Photo Credit - Tyron Bejay's Facebook
Photo Credit - Tyron Bejay's Facebook

သူ့ရဲ့ Facebook Myday မှာလည်း ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ " အိမ်မက်လေး 50% ပြီးစီး" ဆိုပြီး ဗီဒီယိုလေးတင်ထားတာပါ။ သူ့ရဲ့အိမ်လေးကမကြာခင်မှာပြီးစီးတော့မှာဖြစ်လို့ပျော်ရွှင်နေတဲ့ တိုင်ရွန်ရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Tyron Bejay's Facebook

Photo Credit - Tyron Bejay's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။