သရုပ်ဆောင်ကောင်းပြီး ဇာတ်ကားတော်တော်များမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ ယွန်းယွန်းကတော့ ပရိသတ်တွေရဲ့အသည်းကျော်လေးပဲဖြစ်ပါတယ်။ ကလေးဘဝအရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ ယွန်းယွန်းလေးက အခုဆိုရင် အပျိုပေါက်လေးအရွယ်ကိုတောင် ရောက်ရှိလို့လာပြီ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တဲ့ ယွန်းလေးက တစ်နေ့တစ်ခြား ပိုပြီးလှသွေးကြွယ်လာတာ ဖြစ်ပါတယ်။

Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB

ယွန်းယွန်းက ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေသူလေးဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသူလေးလည်း ဖြစ်ပါတယ်။ ဆံနွယ်ရှည်လေးကို အခုချိန်အထိမညှပ်ဘဲ ထိန်းသိမ်းထားတဲ့ ယွန်းယွန်းက မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင် အရမ်းကိုလိုက်ဖက်လွန်းတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းလေးက မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုယဉ်ကျေးသိမ်မွေ့နေတဲ့ အလှပုံလေးတွေကို တင်ပေးထားပါတယ်။

Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB

ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတဲ့ ယွန်းယွန်းလေးက တည်ငြိမ်အေးချမ်းတဲ့အလှပိုင်ရှင်လေးအဖြစ် ပရိသတ်တွေရဲ့နှလုံးသားမှာ နေရာယူထားတာပဲ ဖြစ်ပါတယ်။ ယွန်းက " ဒီနေ့... (ပုံတင်ရင် ၃, ၄ပုံထက် ပိုမတင်ချင်ပေမယ့်လည်း ကိုယ်တိုင်မရွေးတတ်တော့တဲ့အခါ " ဆိုပြီး ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းယွန်းရဲ့ မြန်မာဆန်ဆန် အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Yoon Yoon's FB 

Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။