လတ်တလောမှာ ပြည်ထောင်စုသစ္စာဇာတ်ကားထဲကသရုပ်ဆောင်မှုတွေကြောင့်

နာမည်ကြီးနေတဲ့ နေမင်းကတော့သရုပ်ဆောင်အလုပ်တင်မကဘဲ ကျောက်မျက်ရတနာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများပါလုပ်ကိုင်နေကြောင်းသိရှိရပါတယ် ။

စီးပွားရေးလုပ်ငန်းဘက်ကို ခြေလှမ်းစဖြစ်တဲ့ အကြောင်းရင်းကတော့

‘‘ကြားထဲမှာ ဟာသကား တွေရိုက်တော့ အစ်ကိုမပျော်ဘူး။ အဲဒီတော့ ငါမကြိုက်တဲ့ အနုပညာတစ်ခုကို ကြိတ်မှိတ်ပြီးတော့ မ လုပ်ဘူးဆိုပြီး အပြင်ရောက်သွား တယ်။ အဲဒီကနေ အစ်ကိုကျောက် မျက်ပိုင်းကို စလုပ်ဖြစ်တယ်။ ကျောက်က အစ်ကို့ရဲ့အနုပညာ တစ်ခုလည်းပါတယ်။ ကျောက် စိမ်းနဲ့ပတ်သက်ပြီးတော့ ကိုယ် တွေ ဗမာပြည်ကနေထွက်ပြီး တော့ တရုတ်တွေ လူလည်လုပ် တယ်လို့လည်း ခံစားရတယ်။ အဲဒါ ကို မခံချင်တဲ့အတွက် အစ်ကိုဝင် လုပ်ဖြစ်လာတာလည်းပါတယ်။ ကိုယ့်ဗမာပြည်ကဖြစ်တဲ့ သယံဇာတတစ်ခုကို တွင်တွင်ကျယ် ကျယ်နဲ့ ညီမျှတဲ့ အကျိုးအမြတ် တစ်ခုရစေချင်တာလည်း ပါ တယ်။ ကျောက်နဲ့ပတ်သက်ပြီး အကုန်လုပ်တယ်။ ပဲ့စကလေးက အစ မလွှင့်ပစ်ရက်ဘူး။ အခု တော့ တော်တော်များများ စုမိပြီ။ အဲဒါကလည်း နောက်ပိုင်း ဆိုင် ဖွင့်ဖြစ်မှာပါ’’ လို့ဆိုထားပါတယ် ။ 

ကျောက်လုပ်ငန်းအပြင် မိသားစုစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို လဲ လုပ်ကိုင်နေပါတယ် ။

‘‘Construction ကတော့ အစ်ကိုတို့ရဲ့အိမ်စီးပွားရေးပေါ့။ Royal Golden Power တဲ့။ အစ်ကိုတို့မွေးကတည်းက လုပ်တယ်။ ဘကြီးက မြန်မာရွှေသရဖူဆိုတာ အစ်ကိုတို့ငယ်ငယ်လေးကတည်း က လှိုင်သာယာတို့၊ သီလဝါတို့၊ FMI တို့ မြေပိုင်တူးဖော်တဲ့လုပ် ငန်း၊ အိုးအိမ်အလုပ်တော်တော် များများကို အစ်ကိုတို့လုပ်ခဲ့ တယ်။ နောက်ဆုံးလက်ရှိဆိုရင် ပုသိမ်-ရန်ကုန်-ဇလွန်လမ်းဆို ရင်လည်း အစ်ကိုတို့လုပ်ခဲ့တယ်။ အင်းစိန်ခုံးကျော်တံတားလည်း အစ်ကိုတို့ပဲ လုပ်တာ။ ပြီးတော့ မိုင် ၄၀ မှာ ရှိတဲ့ ဧက ၄၀၀ ကျော် စက်မှုဇုန်လည်း အခု အစ်ကိုတို့ ကုမ္ပဏီနဲ့လုပ်နေဆဲပဲ။ နောက် အ မေရိကန်အခြေစိုက်လုပ်တဲ့ မင်း ဘူးက ဧက ၁,၀၀၀ ကျော်ကလည်းအစ်ကိုတို့ပဲ လုပ်နေတယ်။ ပရောဂျက်တွေကတော့ အများကြီးပဲ။ အဓိက ဘာလို့ ဆောက်လုပ်ရေး ဘက်ကို ဝင်လုပ်ဖြစ်လဲဆိုတော့ အစ်ကိုတို့လုပ်ငန်းထပ်ချဲ့တဲ့အ ချိန်မှာ ကွန်ကရစ်ဖျော်တဲ့စက် ကိုပါ Service လုပ်ပေးတာကိုပါ ထပ်ထည့်လိုက်တယ်။ ဒီလုပ်ငန်း တွေကို လုပ်ဖို့အတွက်က အစ်ကို ဝင်မှ ရတော့မယ်။ အဲဒါကြောင့် အခု Construction ကိုပါ တွဲပြီး လုပ်နေတယ်’’ လို့နေမင်းကဆိုပါတယ် ။

အနုပညာအလုပ်မှာတင် ကျွမ်းကျင်တာမဟုတ်ဘဲ ပြင်ပစီးပွားရေးလုပ်ငန်းတွေပါ ကျွမ်းကျင်တဲ့ ဘက်စုံရကိုနေမင်းကို ကြိုက်တဲ့သူတွေများရှိလားဗျိုး ?

Source : 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။