photo credit - TNC Pro Team Facebook Page

TNC Predator အသင်းကတော့ Ti 9 အပြီးမှာ March နဲ့ Kpii ရောက်လာပြီးထဲက အရင်ကထက် တော်တေ်ာလေး ကောင်းမွန်လာတာတွေ့ရပါတယ်။

Ti 9 အပြီးယှဉ်ပြိုင်ခဲ့တဲ့ ESL One Hamburg 2019 မှာလည်း Champion ဖြစ်ခဲ့သလို World Dota 2 Ranking မှာ No.2 နေရာမှာရှိတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ MDL Chengdu Major ကိုဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး Grand Final မှာ Vici Gaming ကို 3 : 1 ဆိုတဲ့ရလာဒ်နဲ့ အပြတ်အသတ်အနိုင်ယူပြီး MDL Chengdu Major ရဲ့ Champion ဖြစ်လာခဲ့ပါတယ်။

TNC Predator အသင်းအနေနဲ့ ယခုလို champion ဖြစ်ခဲ့မှုကြောင့် Ti 10 မှာ Direct invite ရရှိနိုင်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ DPC Points 4850 နဲ့ $ 300,000 ဆုကြေးရရှိခဲ့ပါတယ်။

ဒါ့အပြင် TNC အသင်းဟာ MDL Chengdu Major ရဲ့ Champion ဖြစ်လာခဲ့မှုကြောင့် World Dota 2 Ranking မှာ No.1 နေရာမှာရှိနေတဲ့ OG အသင်းကိုအောက်ပို့ပြီး World No.1 Dota 2 team ဖြစ်လာခဲ့ပါတယ်။

World Tier 1 အဆင့်ရှိတဲ့ Dota 2 team အနည်းငယ်က လက်ရှိကစားနေတဲ့ DPC Season ကို ဝင်ရောက်ယှဉ်ပြိုင်လာရင် TNC ရဲ့ world No.1 နေရာက ပြောင်းလဲသွားနိုင်တယ်ဆိုပေမယ့် ယခုလို World No.1 Dota 2 Team အဖြစ်ဖော်ပြခံရတာနဲ့တင် TNC Predator အသင်းရဲ့ ပရိသတ်တွေအတွက် တော်တော်ဂုဏ်ယူစရာကောင်းတဲ့ကိစ္စတစ်ခုပါပဲ။

Source - TNC Pro Team facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။