ဖိလစ်ပိုင်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အကြိမ်၃၀ မြောက်ဆီးဂိမ်းပြိုင်ပွဲဘောလုံးပွဲအဖွင့်ပွဲစဉ်တွေကိုဒီနေ့မှာယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ဒီနေ့မှာတော့အဖွင့်ပွဲစဉ်အဖြစ်မြန်မာယူ၂၂အသင်းနဲ့မလေးရှားယူ၂၂အသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဒီနှစ်ဆီးဂိမ်းပြိုင်ပွဲမှာတော့ အသင်းတိုင်းဟာသက်ကျော်ကစားသမား၂ယောက်ထည့်သွင်းခွင့်ရှိတာကြောင့် ဒီနှစ်ပြိုင်ပွဲကတော့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ ပရိသတ်စိတ်အဝင်စားဆုံးဖြစ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအိမ်ရှင်ဖိလစ်ပိုင်၊မလေးရှား၊ကမ္ဘောဒီးယား၊တီမောအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ ဒီအုပ်စုမှာ အုပ်စုတက်ဖို့ဆိုရင်အဖွင်ပွဲမှာကတည်းကအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။မလေးရှားအသင်းကလည်းမြန်မာအသင်းနဲ့တွေ့ဆုံတိုင်းပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီးအကြိတ်အနယ်ဖြစ်ခဲ့တာကြောင့် ဒီနေ့ပွဲကတော့ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

မြန်မာအသင်းကလည်းဒီပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေကစားထားပြီးရလဒ်ပိုင်းက လည်းပရိသတ်တွေကျေနပ်စရာခြေစွမ်းတွေပြသနိုင်ထားတာဖြစ်ပါတယ်။ဖိလစ်ပိုင်ကိုရောက်ရောက်ခြင်းမှာလည်းအဆင်မပြေမှုတွေကြုံခဲ့ရပေမယ့် လေ့ကျင့်ခန်းအစီစဉ်တွေကိုမပြတ်ကြိုးစားနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့အဖွင့်ပွဲမှာလည်းဘယ်လိုခြေစွမ်းတွေနဲ့ အနိုင်ယူမလဲဆိုတာကိုတော့ နေ့လည် ၂း၃၀အချိန်မှာစောင့်မျှော်အားပေးကြပါဦးနော်။

Photo Credit:MFF
Photo Credit:MFF
Photo Credit:MFF

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။