photo credit - all of this team member

Kuroky , Miracle , Gh , W33 , MINDCONTOL တို့ငါးယောက်ဟာဆိုရင်တော့ TI9 အပြီးမှာ Team Liquid နဲ့လမ်းခွဲပြီး ပြောက်ဆုံးနေခဲ့တာ သုံးလဝန်းကျင်လောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။

ဒီသုံးလဝန်းကျင်ထဲမှာတော့ Kuroky ဟာ သူ့ရဲ့အသင်းသားတွေနဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး တစုံတရာပြောကြားခဲ့ခြင်းမရှိပေမယ့် မနေ့ကဆိုရင်တော့ သူဟာ အသင်းသစ်နဲ့ပတ်သတ်တဲ့ သဲလွန်စလေးတွေကို ထုတ်ပြခဲ့ပြီပဲဖြစ်ပါတယ်။

Kuroky ရဲ့အသင်းသစ်မှာတော့ အရင် team Liquid မှာအတူကစားခဲ့တဲ့ players တွေဖြစ်တဲ့ Miracle , w33 , MINDCONTROL , Gh တို့ပဲပြန်လည်ပါဝင်လာမှာဖြစ်ပြီး သူတို့ငါးယောက်လုံးဟာ လနဲ့ အလားဏ္ဍန်တူတဲ့ အရာတစ်ခုကို ကြည့်နေတဲ့ ပုံလေးတွေကို တင်ခဲ့တာပဲဖြစ်ပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့ ဒါဟာ သူတို့ရဲ့ team အသစ်ကိုဖော်ညွှန်းပြသထားတဲ့ အရာတစ်ခုလို့သုံးသပ်ထားကြပါတယ်။

လက်ရှိအချိန်မှာလည်း kuroky တို့ရဲ့ team အသစ်နာမည်ကို မျိုးစုံခန့်မှန်းနေကြပြီး ဘာဖြစ်လာမလဲဆိုတာကတော့ kuroky တို့ကြေညာတာကို စောင့်ကြည့်သွားရမှာပါပဲ။

ဒါ့အပြင် kuroky တို့ဟာ ကိုယ်ပိုင် team အသစ်တစ်ခုပဲထောင်လိုက်တာလား ဒါမှမဟုတ် Gaming Organization တစ်ခုရဲ့လက်အောက်ကနေပဲ ပြန်ထွက်ပေါ်လာမှာလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ML Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။