Call Of Duty : Mobile ဟာဆိုရင်တော့၂၀၁၉ခုနှစ် အောက်တိုဘာလကထွက်ရှိခဲ့တာဖြစ်ပြီး ခုချိန်မှာဆိုရင်တော့ ဂိမ်းဟာ Season 2 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ Season 2 နဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကိုတော့ နောက်မှာ ဖော်ပြသွားမှာဖြစ်ပြီး ခုချိန်မှာတော့ BR Mode ထဲက Ability တွေကို ရှင်းလင်းပြသွားမှာဖြစ်ပါတယ်။ Ability တွေရဲ့အချက်ကို ကောင်းကောင်းသိမှ ဘယ်ဟာက ကိုယ်နဲ့သင့်တော်ပြီး ဘယ်ဟာက စစ်ဖြစ်တဲ့ချိန် အားသာမလဲဆိုတာ သိရှိမှာဖြစ်ပါတယ်။  

The Clown

The Clown ဆိုတဲ့အရုပ်လေးကတော့ ကိုယ်ကြိုက်တဲ့နေရာကိုပစ်လို့ရပြီးနောက် Zombies ၃ကောင်ထွက်လာမှာဖြစ်ပါတယ်။ အဲ့အရုပ်ကို Upgrade လုပ်ရင်တော့ Zombie ၄ ကောင်ထွက်ရှိလာမှာဖြစ်ပါတယ်။ Zombies တွေက နီးစပ်ရာရန်သူတွေကိုတိုက်ခိုက်မှာဖြစ်ပြီး အရုပ်ကလဲအချိန်ပြည့်ရင် ဗုံးလိုပဲ ပေါက်ကွဲသွားပါလိမ့်မယ်။ အဲ့အပြင် The Clown ကိုယူရင် Zombie တွေက သင့်ကို သာမန်ထက် ပိုသတိမပြုမိတော့ပါဘူး။ 

The Defender

The Defender ကတော့ အရှေ့မှာ ဒိုင်းတစ်ခုကို ကာလိုက်တာဖြစ်ပြီး အဲ့ဒိုင်းရဲ့အရှေ့နဲ့ သိပ်မဝေးဘူးဆိုရင် Flash မီးထိုးခံရမှာဖြစ်ပြီး ရန်သူဟာ Stun ဗုံးမိသလိုဖြစ်သွားပါလိမ့်မယ်။ ကိုယ်အသင်းသားတွေလဲ အဲ့ဒိုင်းကို အကာအကွယ်အနေနဲ့ အသုံးပြုလို့ရပါတယ်။ အဲ့အပြင် Defender ကိုယူထားတဲ့သူဟာဆိုရင် သေနတ်ပစ်ခံရတဲ့ဒဏ်ကလွဲလို့ တခြား ပေါက်ကွဲတာတွေ Zombie ကုတ်တာတွေကို ပိုခံနိုင်ရည်ရှိစေပါတယ်။ 

The Mechanic

တစ်ယောက်နဲ့တစ်ယောက် ပစ်ခတ်နေတဲ့အချိန်မှာ ရန်သူကို အနှောင့်အယှက်ပေးနိုင်ဆုံး အရာပါ။ သုံးလိုက်ရင် EMP Drone တစ်ခုထွက်ရှိလာမှာဖြစ်ပြီး ကိုယ့်အပေါ်မှာဝဲနေမှာဖြစ်ပါတယ်။ ရန်သူအနားမှာရှိနေရင် ရန်သူဆိကိုDrone ဟာသွားမှာဖြစ်ပြီး ရန်သူရဲ့ သေနတ်ရွှေးတဲ့နေရာ နဲ့ မြေပုံ ကိုဝါးစေပြီး လှုပ်ရှားမှုကို နှေးစေပါမယ်။ အဲ့အပြင်ချိန်လို့မရပါဘူး...ဒါပေမဲ့ ပစ်လို့တော့ရပါတယ်။ The Mechanic ကိုယူထားတဲ့သူကတော့ Engineer ပါပဲ... ကားတွေ ရဟတ်ယဉ်တွေ စသဖြင့်ကို နံရံတွေဖောက်ပြီး မြင်ရနိုင်ပါတယ်။ 

The Medic

စစ်ဖြစ်တယ်ဆိုတဲ့အလျောက် ဆေးတပ်သားဆိုတာ မပါမဖြစ်ပါပဲ။ အာ့ကြောင့် သူဟာ သုံးလိုက်ရင် သူရဲ့ဆေးသေတ္တာကိုချလိုက်ပြီး အသင်းသားတွေကိုရော သူကိုယ်တိုင်ပါ သွေးဖြည့်ပေးမှာဖြစ်ပါတယ်။ Medic ကိုယူထားတဲ့သူကတော့ သွေးဖြည့်တာနဲ့ပတ်သတ်ပြီး သာမာန်အချိန်ထက် ပိုမြန်မှာဖြစ်ပါတယ်။ 

The Ninja

Ninija ဆိုသလိုပါပဲ စစ်သားဟာ သူများတွေသွားရလာရခတ်တဲ့နေရာတွေကို သူရဲ့ Hook နဲ့သွားရလွယ်စေပါတယ်။ အဲ့အပြင် သူရဲ့ခြေသံကိုလဲ သာမာန်ထက် ပိုမကြားရလောက်အောင် တိတ်ဆိတ်ပါတယ်။ လှုပ်ရှားနေရင်တောင် အသံက တိုးတိုးလေးပဲ ကြားရတာမို့ စစ်ဖြစ်နေရင်းနဲ့ ကိုယ့်ကိုအနောက်ကနေ အေးဆေးသတ်နိုင်ပါတယ်။ 

The Scout

Knowledge is power ဆိုတာ စစ်ပွဲမှာဆို ခြေရာခံနိုင်သူတွေ ပြောကြတာပဲဖြစ်ပါတယ်။ Scout ယူတဲ့သူတွေမှာ ခြေရာခံနိုင်စွမ်းရှိတာမို့ ရန်သူတွေရဲ့ သွားတာမကြာသေးတဲ့ ခြေရာတွေကို မြေပုံမှာ တွေ့ရမှာဖြစ်ပါတယ်။ သုံးလိုက်ရင်တော့ MP Mode က UAV လို မြေပုံပေါ်မှာ ရန်သူတွေရမှာဖြစ်ပါတယ်။ ဒါပေမဲ့သူကတော့ အဲ့သုံးလိုက်တဲ့နေရာမှာ အဝိုင်းလေးပေါ်လာပြီး အဲ့အဝိုင်းထဲမှာ ရန်သူရှိရင် မြေပုံပေါ်မှာ အနီးတွေကိုမြင်ရမှာဖြစ်ပါတယ်။  

The Airborne

The Airborne ကိူယူထားတဲ့သူကတော့ သာမာန်လူတွေထက် လေထဲမှာ ပိုနေနိုင်ပြီး အဝေးကြီးသွားလို့ရပါတယ်။ သုံးလိုက်ရင်တော့ ကောင်းကင်ကနေ Airborne ဟာ သတ်မှတ်နေရာကို ပြုတ်ကျလာမှာဖြစ်ပြီး စစ်သားဟာ အဲ့နေရာကနေ အပေါ်ကို ပျံတက်နိုင်ပါတယ်။ ဒါကတော့ လက်တလော ရရှိတဲ့ Ability တွေပဲဖြစ်ကာ ဘယ်ဟာက လကစားသူနဲ့လိုက်ဖက်မလဲဆိုတာကို သိရှိမှာပါ။ ခုချိန်မှာလဲ S2 စနေပြီးမို့ Ability အသစ်တစ်ခုပါဝင်လာပြီး လူတိုင်းကြိုက်တဲ့ Ability ဖြစ်လာတော့မှာပါ။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။