ချစ်သူသက်တမ်း၅နှစ်နဲ့၆လ အတွင်းတစ်ဦးနဲ့တစ်ဥိီးအကျင့် စရိုက်လေးတွေပိုတူလာသလိုပို နားလည်မူတွေခိုင်မာလာတယ်ဆိုတဲ့ အဆိုတော်ရွှေထူးခန္ဓာပေါ်က တက်တူးတွေက အလန်းတွေနော်....ဘာကိုရည်ညွှန်းပါလိမ့်...

''ကျွန်တော်တတ်တူးကိုပုံအလှတွေထက် ဘဝမှာမေ့လို့မရတဲ့အမှတ်တရတွေကို ထိုးဖြစ်တာပိုများတယ်။ အခုဆိုထိုးထားတာလည်း ဘယ်လက်တစ်ခုလုံးပြည့်နေပြီး အားလုံးဘဝအမှတ်တရတွေဘဲထိုးထားတာပါ။ညာဘက်လက်မှာလည်း ထိုးထားတာတွေရှိတယ်။နောက်ပြီး ကျွန်တော်ချစ်သူအမည်ကို ဘဝအမှတ်တရအနေနဲ့တတ်တူးထိုးထားတယ်။ သူကကျွန်တော်ကိုနားလည်မူပေးနိင်တာထက်ပိုတဲ့ အတွက်ကျွန်တော်နဲ့လက်တွဲဖြစ်တာဖြစ်ပါတယ်'' လို့ ဘဝမှာမေ့လို့မရတဲ့အမှတ်တရဖြစ်ရပ်တွေနဲ့ ချစ်သူအမည်ကိုအမှတ်တရတတ်တူး ထိုးထားတယ်လို့ရွှေထူးကဆိုပါတယ်။

ချစ်သူသက်တမ်း၅နှစ်နဲ့၆လ အတွင်းတစ်ဦးနဲ့တစ်ဥိီးအကျင့် စရိုက်လေးတွေပိုတူလာသလိုပို နားလည်မူတွေခိုင်မာလာတယ်ဆိုတဲ့အဆိုတော်ရွှေထူးက တတ်တူးကိုအလှထိုးခြင်းထက် ဘဝအမှတ်တရအနေနဲ့ပိုထိုးဖြစ်တာများကြောင့်တက်တူးနဲ့အချစ်အကြောင်း ရွှေထူးကအခုလိုပြောကြားခဲ့တာပါ။

Source: posh မဂ္ဂဇင်း

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။