photo credit - Lil twitter

Winstrike အသင်းကနေ ထွက်ခွာပြီးနောက်မှာတော့ Lil ဟာ သူ့ရဲ့အသင်းသစ်ကို ကြေညာခဲ့ပါပြီ။

သူကြေညာခဲ့တဲ့ အသင်းသစ်ကတော့ Mango Tree အသင်းပဲဖြစ်ပါတယ်။

Mango Tree အသင်းရဲ့ roster အပြည့်အစုံကတော့

Po 1 – Waston

Po 2 – BoraNija

Po 3 – Lil

Po 4 – MISERY

Po 5 – sQreen တို့ပဲဖြစ်ပါတယ်။

Mango Tree အသင်းမှာတော့ Lil ဟာ သူ့ရဲ့ အရင်ကစားနေကြ sup role ကနေ ပြောင်းလဲပြီး offlane ကိုကစားသွားမှာပဲဖြစ်ပါတယ်။

အရင် Natus Vincere နဲ့ Virtus.pro တို့လို အသင်းကြီးတွေမှာလည်း ကစားခဲ့ဖူးတဲ့ Lil အနေနဲ့ သူ့ရဲ့အသင်းသစ် Mango Tree နဲ့အတူ ဘယ်လောက်ထိ ခရီးပေါက်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

source - Lil twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။