အကောက်ခွန်ဦးစီးဌာနအနေဖြင့် အကောက်ခွေန်မဲ့ပစ္စည်းများကို တားဆီးစစ်ဆေးအရေးယူလျက်ရှိရာ ၂ဝ၁၇ ခုနှစ် မေ ၁ ရက်မှ ၁၁ ရက် အတွင်း မိုဘိုင်းဖုန်းအလုံး ၅ဝဝဝ ကျော်အပါအဝင် အကောက်ခွန်မဲ့ ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁ဝဝဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေး စခန်းနှင့် အကောက်ခွန်နယ်မြေဒေသအသီးသီး တို့တွင် တင်သွင်း/တင်ပို့ ခွင့် စာရွက် စာတမ်း အထောက်အထားတစ်စုံ တစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးအရေးယူမှု ပြုလုပ် လျက်ရှိရာ မေ ၁ ရက်မှ ၁၁ ရက်အတွင်း တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ် ၁ဝ၆၇ ဒသမ ၅၇၂ဝ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ယင်းသို့ တားဆီးသိမ်းဆည်းမိခဲ့မှု များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က တားဆီးမှုတစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၁ ဒသမ ၁ သန်းခန့်)၊ ရန်ကုန်ဆိပ်ကမ်းက တားဆီးမှု လေး မှု (ခန့်မှန်းတန်ဖိုးကျပ် ၂၃၃ ဒသမ ဝ၇၃၈ သန်းခန့်)၊ မန္တလေးတိုင်း ဒေသကြီး အကောက်ခွန်ဦးစီးဌာန မှူးရုံးက တားဆီးမှု ၁၇ မှု (ခန့်မှန်း တန်ဖိုးကျပ် ၁၁ဝ ဒသမ ၃၁၁၈ သန်း ခန့်)၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု ၃၅ မှု (ခန့်မှန်းတန်ဖိုးကျပ် ၃၁ဝ ဒသမ ဝ၇၅၆ သန်းခန့်)၊ မရမ်းချောင်စစ်ဆေးရေးစခန်းက တားဆီးမှု ၅၂ မှု (ခန့်မှန်းတန်ဖိုးကျပ် ၂၉၂ ဒသမ ရ၅၄၈ သန်းခန့်)၊ မူဆယ် မြို့နယ် အကောက်ခွန်ဦးစီးဌာမှူးရုံးက တားဆီးမှု ခြောက်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၃၁ ဒသမ ၈၅၆ သန်းခန့်)၊ မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာန မှူးရုံးက တားဆီးမှု ရှစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၈၈ ဒသမ ၄ဝ သန်းခန့်)၊ စုစုပေါင်း ၁၂၃ မှု(ခန့်မှန်းတန်ဖိုးကျပ် ၁ဝ၆၇ ဒသမ ၅၇၂ဝ သန်းခန့်) သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

အဆိုပါ သိမ်းဆည်းမှုများအနက် ထူးခြားသိမ်းဆည်းမှုအနေဖြင့် မူဆယ် မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် Express ခရီးသည်တင်ယာဉ် နှစ်စီး အား ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ ခရီးသည်ပစ္စည်း များနှင့်အတူရောနှော၍ သိုဝှက် သယ်ဆောင်လာသော Huawei (2305) Nos, MI4X(420)Nos, ABC Gold Sun(935)Nos, OSE Phone & Tablet(665) Nos, DOK phone(30)Nos, OPPO(50) Nos ESifh KENBO(1076)Nos စုစုပေါင်း ၅၄၈၁ လုံး၊ (ခန့်မှန်းတန်ဖိုး ကျပ် ၁၅၃ ဒသမ ရ သန်းခန့်) သိမ်းဆည်းမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

Ref : MOI


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။