ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ အပြင်းအထန်ဆုံး နီပေါငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာ ဆက်လက်လှုပ်ခတ်ခဲ့တဲ့ ငလျင်ငယ်များ အကြောင်းပဲဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ထူးခြားအံ့သြဖွယ်သတင်းထူးများကို အချိန်နဲ့ တပြေးညီဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို အမြဲ updateဖြစ်ရအောင် like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။ 

photo credit pngtree

၂၀၁၅ ခုနှစ်၊ဧပြီလ ၂၅ ရက်နေ့ ဟိမဝန္တာ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ၁၅ မိနစ်၊ မိနစ် ၂၀ သာခြားလျက် ငလျင်ငယ်များ ဆက်လက် လှုပ်ခတ်ခဲ့ပါတယ်။ ဧပြီလ ၂၆ ရက်နေ့ နီပေါ စံတော်ချိန် ၁၂ နာရီ ၅၅ မိနစ်တွင် ပြင်းအား ၆ ဒသမ ၇ ရှိသော ငလျင်တစ်ခုသည် နီပေါနိုင်ငံ ကိုဒါရီ တောင်ဘက် ၁၁ မိုင် အကွာကို ဗဟိုပြုလျက် ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုငလျင်ကြောင့် ဧဝရက်တောင်တွင် တောင်ပြိုမှုများ ထပ်မံဖြစ်ပွားခဲ့ကာ အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ ကိုးလ် ကတ္တား၊ စီလီ ဂူရီ ၊ ဂျာလ်ပိုင် ဂူရီ နှင့် အာသံ တို့ကိုပါ ထိခိုက်ခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။

photo credit pngtree

ကိုရှီ အဝေးပြေးလမ်းတွင် မြေပြိုမှု များဖြစ် ပေါ် ခဲ့ကာ လမ်းများ ပိတ်ဆို့ခဲ့ပါတယ်။ ပြင်းအား ၄ ရှိသည့် ငလျင်ငယ်များသည် ငလျင်ကြီးလှုပ်ခဲ့သည့် ဧပြီ ၂၅ ရက်မှ မေလ ၁ ရက် နေ့ အထိ နီပေါနိုင်ငံ တွင် မတူညီသော နေရာများကို ဗဟိုပြုလျက် အကြိမ် ၁၂၀ အထိ လှုပ်ခတ်ခဲ့ပါတယ်။ နီပေါငလျင်သည် ကြီးမားပြင်းထန်ခဲ့သဖြင့် နောက်ထပ် တစ်လအတွင်းပြင်းအား ၅ ကျော်ရှိသည့် ငလျင်များ အကြိမ် ၃၀ အထိ လှုပ်ခတ်နိုင်ကြောင်း ပညာရှင်များက တွက်ဆထားခဲ့ပါတယ်။ ထိုတွက်ဆချက်အတိုင်းပင် မေလ ၁၂ ရက်နေ့တွင် ပြင်းအား ခုနစ် ဒသမ လေးရှိသော ငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။